ချင်းပါတီသုံးပါတီပေါင်းစည်းရေးသဘောတူပြီးမူဝါဒများဆက်လက်ဆွေးနွေးမည်

ချင်းပါတီသုံးပါတီပေါင်းစည်းရေးသဘောတူပြီးမူဝါဒများဆက်လက်ဆွေးနွေးမည်
by -
ချင်းဝေါလ်
ချင်းပါတီသုံးပါတီပေါင်းစည်းရေးကိုမေလ ၂၁ ရက်နေ့တွင် သဘောတူထားပြီး ပါတီသစ်မူဝါဒများ ဆက်လက်ဆွေးနွေးမည်ဟု ချင်းပါတီတာဝန်ရှိသူများထံမှသိရသည်။

Chin party 300x225အဆိုပါဆွေးနွေးပွဲကို၂၀၁၆ ခုနှစ် မေလ (၂၁) ရက်နေ့၊ ည ၆းဝဝ မှ ရး၃၀ နာရီအထိရန်ကုန်မြို့ Happy Noodle Cafe’ မြစ်ကြီးနားခန်းမတွင်ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရေတက်ပါတီနှင့် ချင်းဒီမိုကရေစီအဖွဲ့ချုပ်မှဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်တစ်ဦးစီ တက်ရောက်ခဲ့ကြသည်။

“ပေါင်းစည်းဖို့ကသေချာသွားပြီပူးပေါင်းမယ့်ပုံစံကတော့ plural Executive ဖြစ်မယ်။ ဥက္ကဋ္ဌသုံးဦးရှိမယ်။ ဥက္ကဋ္ဌတစ်ဦးကအလှည့်ကျတာဝန်ခံဖြစ်မယ်။ ညီလာခံလုပ်ပြီးတော့ ဥက္ကဋ္ဌအသစ်ပေါ်လာမယ်။ အတွင်းရေးမှူးတွေတော့ တစ်ပတ်တစ်ကြိမ် အသေးစိတ်တွေ့ဆုံဆွေးနွေးကြမယ်။ သူတို့ဆွေးနွေးချက်တွေကို ဥက္ကဋ္ဌတွေက အတည်ပြုပေးမယ်” ဟု ချင်းတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးနိုထန်ကပ်ကပြောသည်။

ချင်းပါတီများပေါင်းစည်းမည့် နည်းလမ်းမှာ တစ်ပါတီခုဖွဲ့စည်းပြီး ပါတီအသစ်မှတ်ပုံတင်ပြီးမှ လက်ရှိပါတီသုံးခုစလုံးကို ဖျက်သိမ်းမည်ဖြစ်သည်။

“ကျွန်တော်တို့ချင်းတွေကြားမှာ စည်းလုံးညီညွှတ်မှု ပြန်လည်ဖော်ဆောင်လိုတဲ့ စိတ်ဓာတ်လေးတွေလည်း ပါတာပေါ့။ အဲဒါကြောင့် အကုန်လုံးပါနိုင်အောင်တော့ ကြိုးစားသွားမယ်။ အချင်းချင်းနားလည်မူလွှဲမယ်လို့တော့မထင်ဘူး။ ဘာဖြစ်လို့လဲဆိုရင် အားလုံးက တကယ့်စိတ်ထဲက ပေါင်းစည်းချင်တဲ့ဆန္ဒတွေ ရှိကြတယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။ ၂၀၁၇ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ အကုန်လုံးပြီးပျက်သွားနိုင်မယ်လို့ ယူဆတယ်”ဟု ချင်းအမျိုးသားဒီမိုကရေတက်ပါတီ အတွင်းရေးမှူး ဆလိုင်းမျိုးချစ်ကပြောသည်။

နောက်တစ်ပတ်လောက်တွင် ပါတီများမ ှစေလွှတ်သောကိုယ်စားလှယ်များက ပါတီရဲ့နာမည်နှင့် လိုဂိုများအတွက် ဆက်လက်ဆွေးနွေးသွားမည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...