လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရန် ဝန်ကြီးချုပ်ထံတောင်းဆို

လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရန် ဝန်ကြီးချုပ်ထံတောင်းဆို
by -
ကန္တာရဝတီတိုင်း(မ်)
လူငယ်များအတွက် အလုပ်ကိုင်အခွင့်လမ်းများ ကိုဖန်တီးပေးရန် ကယား(ကရင်နီ) ပြည်နယ် ဝန်ကြီးချုပ်ထံ ပြည်သူ အချို့က မေလ ၁၇ ရက်နေ့က လူထုတွေ့ဆုံ ပွဲတွင် တောင်းဆိုခဲ့သည်။

တွေ့ဆုံပွဲတွင် လူငယ်များကိုယ်စား ဒေါရောက်ခူကျေးရွာမှ အုပ်ချုပ်ရေးမှူး ခွန်းမိုးဇက်က ဝန်းကြီးချုပ်ဦးအယ်လ်ဖောင်းရှိုထံ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ လူငယ်တွေဟာ အလုပ်အကိုင်တွေမရှိလို့ နိုင်ငံခြားတွေထွက်ကြတယ်၊ အဆင်ပြေတဲ့သူတွေ ရှိသလို ၊ အဆင်မပြေတဲ့ သူတွေလည်း ရှိတယ်။ နိုင်ငံခြားမှာလည်း အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်တို့ လူငယ်တွေအလုပ်အကိုင်အဆင်ပြေစေဖို့ ကျွန်တော်တောင်းဆိုချင်တယ်” ဟု ခွန်းမိုးဇက်က တင်ပြခဲ့သည်။

ယနေ့တွင် ပညာတတ်လူငယ်များ များပြားနေသော်လည်း အလုပ်ကိုင် အခွင့်အလမ်း မရှိသည့်အတွက် ယခုလိုတောင်းဆိုခြင်းဖြစ်ကြောင်း ခွန်းမိုးဇက်ကဆိုသည်။

ဝန်ကြီးချုပ် က လူငယ်များအတွက် အလုပ်အကိုင် အခွင့်အရေးကို မိမိတို့ ပြည်နယ် အစိုးရအဖွဲ့မှ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း နှင့် လုပ်ပိုင်ခွင့် များအပေါ် မူတည်ပြီး စည်းဝေးဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ပေးမည်ဟု တုန့်ပြန်ဖြေဆိုခဲ့သည်။

“ရွေးကောက်ပွဲကြေငြာစာတမ်းမှာ လူငယ်အခန်းကဏ္ဍကို ဦးစားပေးမယ်လို့ ပါတဲ့အတွက်ကြောင့် ကျွန်တော်တို့ ပြည်နယ်အတွင်းမှာရှိတဲ့ လူငယ်တွေ အခန်းကဏ္ဍ၊ အလုပ်အကို်င်အခွင့်အလမ်းတွေ ရရှိဖို့၊ အနာဂတ် တိုးတက်အောင် ဆောင်ရွက်နို်င်ဖို့ ကျွန်တော်တို့ ပြည်နယ် အစိုးရအဖွဲ့က စည်းဝေးထိုင်ထားတာ ရှိပါတယ်။ ပြီးရင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ ဆိုတာတော့့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစဉ်းကမ်းတွေ လုပ်ပိုင်ခွင့်တွေ အစည်းဝေးဆုံးဖြတ်ချက်တွေ လုပ်ပြီးတဲ့အချိန်ကျရင် ပြန်ချပြပေးပါမယ်။” ဟု ပြောသည်။

ယခင်အစိုးရလက်ထက်တွင် အလုပ်လက်မဲ့ လူငယ်များကို ဂျပန်နိုင်ငံသို့ သွားရောက်ပြီး အလုပ် လုပ်ကိုင်စေရန် အစီစဉ်များပြုလုပ်ခဲ့ဖူးသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...