ပြည်ထဲရေးဌာနတွင် အမည်မပေါက်သည့်ကျေးရွာများ ဖွံ့ဖြိုးရေး စီမံချက်များ၌ မပါဝင်၍ နစ်နာ

ပြည်ထဲရေးဌာနတွင် အမည်မပေါက်သည့်ကျေးရွာများ ဖွံ့ဖြိုးရေး စီမံချက်များ၌ မပါဝင်၍ နစ်နာ
by -
ကန္တာရဝတီတိုင်း(မ်)
ပြည်ထဲရေးဌာနတွင် အမည်မပေါက်သေးသည့် ကျေးရွာများသည် အစိုးရ၏ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင်မှု မရှိသည့်အတွက် နစ်နာနေကြောင်း ကျေးရွာများအတွင်း ကွင်းဆင်းပြီးလူမှုရေးလုပ်ငန်း များလုပ်ဆောင်နေသော ခူးဖဲမော်ရယ်က ပြောသည်။

“ပြည်ထဲရေးအမည်မပေါက်သေးတဲ့ ကျေးရွာတွေက အစိုးရရဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ လုပ်ဆောင်တဲ့အချိန်မှာ ဥပမာ- ပညာရေးအတွက် ကျောင်းဆောက်ပေးတာတို့၊ ကျန်းမာရေးဆေးခန်းတို့ ဆောက်ပေးတာတို့ဆို သူတို့မပါရတော့ သူတို့ဆုံးရှုံးနစ်နာပြီလေး” ဟု ခူးဖဲမော်ရယ် ကပြောသည်။

အမည်မပေါက်သေးသည့် ကျေးရွာရှိ ဒေသခံများက မိမိတို့ ကျေးရွာ ကို ပြည်ထဲရေး တွင် အမည်ပေါက်ထည့်သွင်းပေးရေးအတွက် ပြည်နယ်အစိုးရက ဒီးမော့ဆို မြို့နယ်တွင် လူထုနှင့် တွေ့ဆုံစဉ် ကျေးရွာကိုယ်စားပြု အုပ်ချုပ်ရေးမှူး အချို့က ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခဲ့ကြသည်။

ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၄ရွာရှိပြီး ပြည်ထဲရေးအမည်မပေါက်သေးသည့်ကျေးရွာမှာ ၂၁ရွာဖြစ်ကြောင်းသိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က “ကျွန်တော်တို့ ဥပဒေလုပ်ထုံး လုပ်နည်းနဲ့ အညီ ကွင်းဆင်းစိစစ်ရပါလိမ့်မယ်၊ ကွင်းဆင်းစိစစ်ပြီးမှ ကျွန်တော်တို့ အဖြေထုတ်ရပါမယ်” ဟု ပြောသွားသည်။

ပြည်ထဲရေးပေါက်ဖို့ရန် အဆင့်များစွာရှိသည့်အပြင် နိုင်ငံတော်မှ ပြန်လည်လုပ်ဆောင်ပေးမှ ရမည်ဟူသောကြောင့် အနည်းအကျဉ်းခက်ခဲလိမ့်မည် ဖြစ်သည့်အတွက် လက်ရှိနေရင်းတွင်ပင် ပြောင်းရွှေ့မခံရလေအောင် အာမခံပေးမည်ဟု ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက ပြောခဲ့ဖူးသည်။

ပြည်ထဲရေးမပေါက်သေးသည့်အတွက် မည်သည့်ဖွံ့ဖြိုးရေးလုပ်ငန်း ကိစ္စရပ်များမဆို အခွင့်အရေးများ တောင်းဆိုရာတွင် အခွင့်အရေးများ မရရှိခဲ့ကြောင်း ဖားဆောင်းမြို့နယ် ရေပူကျေးရွာမှ နော်ဒါဝေးက ပြောခဲ့သည်။

“ပြည်ထဲရေးမပေါက်လို့ ဆိုပြီးတော့လေ၊ ဘာပဲလိုချင် လိုချင် ကိုယ့်ကိုကိုယ်ပဲ လုပ်ရတယ်။ အဲ့လိုမျိုးတွေ အများကြီးခံခဲ့ရဖူးပြီ၊ ပြည်ထဲရေးမရောက်လို့ ဘာအခွင့်အရေးမှ မရဘူး။ အဲ့ဒီလိုမျိုး ကြံုလာခဲ့တာ များပြီ” ဟု ၎င်းကပြောသည်။

ယခင်က ကယား(ကရင်နီ) ပြည်နယ် တွင် ကျေးရွာပေါင်း ၅၁၁ရွာရှိပြီး အချို့ကို မြို့ပေါ်ရပ်ကွက်အဖြစ် တိုးချဲ့လိုက်သည့် အတွက် ကျေးရွာပေါင်း ၅၀၆ ရွာရှိသည်ဟု ပြည်နယ်အထွေထွေအုပ်ချုပ်ရေးမှူး ရုံးမှ သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...