အစိုးရတပ်မှ ငှက်ပျောခြံ နေ့စား ၂ ဦး ကို KIA မသင်္ကာမှုနှင့် ဖမ်းဆီး နှိပ်စက်

အစိုးရတပ်မှ ငှက်ပျောခြံ နေ့စား ၂ ဦး ကို KIA မသင်္ကာမှုနှင့် ဖမ်းဆီး နှိပ်စက်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်ရှိ နမ့်ဆန်ယန်တွင် အစိုးရ တပ်မတော်သား များက ငှက်ပျောခြံ နေ့စား အလုပ်သမား ၂ ဦးကို မသင်္ကာမှုနှင့် ယမန်နေ့ က ဖမ်းဆီး နှိပ်စက်ခဲ့ကြောင်း သိရသည်။

13262598 274840956236785 1976360297 oဖမ်းဆီး နှိပ်စက်ခံရသူ နှစ်ဦးမှာ အသက် ၃၂ ဝန်းကျင်စီ ရှိသည့် ဦးဇော်အောင် (Slg. Zau Awng) နှင့် ဦးအင်ခွမ် နော်ဆိုင်း (Nhkum Naw Seng) တို့ ဖြစ်ကြသည်။

သူတို့သည် မိုင်ဆက်ပါ (Maisak Pa) ငှက်ပျောခြံတွင် အလုပ်လုပ်နေရင်း နေ့လယ်စာ အတွက် အစိုးရတပ် စကခ (၃) မိုးကောင်း စစ်ဆင်ရေး ဌာနချုပ် အောက် ခမရ (၃၈၁) တပ်ရင်း ဗိုလ်မှူးကြီး နို်င်လင်း တို့အဖွဲ့ ရှိနေသည့် ယခင် ‘မောင်နှမ’ စားသောက်ဆိုင် အနီး မုန့်ဆိုင်တစ်ခု တွင်းသို့ ဝင်လာရာမှ ဖမ်းဆီး ခံခဲ့ရကြောင်း ဦးဇော်အောင် (Slg. Zau Awng) က ပြောသည်။

ဖမ်းဆီး ခံရချိန်မှာ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့် တွင် ဖြစ်ပြီး ဦးဇော်အောင် (Slg. Zau Awng) က သူ့ အား နှိပ်စက်ခဲ့သည့် ဖြစ်စဉ်ကို ကချင်သတင်းဌာန KNG ကို ယခုလို ပြန်ရှင်းပြခဲ့သည်။

“ဗိုလ်မှူးရှေ့ရောက်တာနဲ့ ကျနော့်ကို ဆံပင်ဆွဲ ခေါင်းဆွဲနဲ့ တစ်ခါတည်း ပစ္စတို ချိန်ပြီး နင်တို့ ဒီမှာ ဘာလာလုပ်လဲ ဆိုပြီး မေးတယ်။ အဲနောက်မှာ ကျနော့်ကို ပါးရိုက်တယ်။ မောက်ထားခိုင်းပြီး သူ့ခြေထောက်နဲ့ ကျနော့် လည်ပင်းကို နင်းပေးပြီး သူ့ တပ်သား တစ်ယောက်ကိုတော့ ကျွတ်ကျွတ်အိပ် ရှာခိုင်းတယ်။ ပြီးတော့ ကျနော့် ခေါင်းကို စွပ်ပေးတယ်။ ကျနော်လည်း အသက်ရှု တော်တော် ကျပ်လာတယ်။ ပြောပါ နင့်သူငယ်ချင်းက စစ်သားလား ဆိုပြီး မေးတယ်။ ပြီးတော့ တပ်သားတစ်ယောက်က ဝါးခြမ်းပြားနဲ့ ကျနော့်ခြေထောက်ကို ရိုက်ပေးတာ ကျနော့်ကို ရိုက်နက် စစ်ဆေးတာတင် တစ်နာရီလောက် ကြာသွားတယ်”

အကယ် စင်စစ် အစိုးရတပ်က ဦးနော်ဆိုင်း (Slg. Naw Seng) ကို KIA ဟု မသင်္ကာ သောကြောင့် သူ့ သူငယ်ချင်း ဦးဇော်အောင် (Slg. Zau Awng) ကို နှိပ်စက် မေးမြန်းခြင်း ဖြစ်သည်ဟု သူက ဆက်ပြောသည်။

ထုုိ့အတူ ဦးနော်ဆိုင်း (Slg. Naw Seng) က လည်း သူအား KIA စစ်သား ဟု မသင်္ကာဖြစ်ပြီး အစိုးရတပ်က စစ်ဆေးမေးမြန်း ခဲ့ပုံကို ယခုလို ရှင်းပြသည်။

“နင် KIA စစ်သား ဟုတ်တယ် မလား… ပါး ၂ ချက် အရင်ရိုက်ပြီး မေးတယ်။ အင်္ကျီတွေချွတ်ပြီး ပြန်စစ်တယ်။ နင် စစ်သား ဟုတ်တယ် မလား… မလိမ်နဲ့ ဆိုပြီး သူတို့ ဝါးခြမ်းပြား ယူပြီး ပေါင် ကို ၅ ချက်ပြန်ရိုက်တယ်”

ထို့နောက် သူတို့နှစ်ဦးနှင့် အသိ ဦး မီးရှောင် ဆိုသူ ရွာလူကြီး တစ်ဦးမှ အာမခံပေးမှုဖြင့် ညနေပိုင်း ၄ နာရီ ကျော် အချိန်တွင် ပြန်လည် လွတ်မြောက်လာကြောင်း ဦး ဇော်အောင် (Slg. Zau Awng) က ပြောသည်။

သူတို့ နှစ်ဦးမှာ မြစ်ကြီးနားမြို့ နေထိုင်သူများဖြစ်ပြီး ယခင် မြစ်ကြီနား-လိုင်ဇာ မော်တော်ဆိုင်ကယ် ကယ်ရီ လုပ်ကိုင်နေသူများ ဖြစ်သည်။ ယခုနှစ် မတ်လခန့်မှစပြီး အစိုးရတပ်က ယင်းလမ်းကြောင်းကို တားမြစ် ခဲ့သောကြောင့် ငှက်ပျောခြံတွင် ဝင်ငွေရှာဖွေနေသည့် အပြစ်မဲ့ ပြည်သူများ ဖြစ်ကြသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...