မွန်ပြည်နယ်မိုးစပါးစိုက်တောင်သူများအတွက် ချေးငွေများ စတင်ထုတ်ပေး

မွန်ပြည်နယ်မိုးစပါးစိုက်တောင်သူများအတွက် ချေးငွေများ စတင်ထုတ်ပေး
 မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ််မန်နေဂျာနှင့် မိုးစပါးစိုက်တောင်သူများ တွေ့ဆုံစဉ် (MNA)
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ််မန်နေဂျာနှင့် မိုးစပါးစိုက်တောင်သူများ တွေ့ဆုံစဉ် (MNA)
မွန်ပြည်နယ်အတွင်း မိုးစပါးစိုက်တောင်သူများအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်တစ်ဧက ကျပ်ငွေ (၁၅၀၀၀၀) နှုန်းဖြင့် ၁၀ ဧကအထိ ချေးငွေများ ထုတ်ပေးနေကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးခင်မောင်စိုးထံမှ သိရသည်။

ယင်းသို့ ချေးငွေထုတ်ပေးရာတွင် ငွေ ၁၀၀ ကျပ် တစ်နှစ် ၈ ကျပ် အတိုးနှုန်းဖြင့် လယ်သမားများမှ ပြန်လည်ပေးချေရမည်ဖြစ်ကြောင်းကို သူကဆက်ပြောသည်။

ဦးခင်မောင်စိုးက “ဒီနှစ်ပိုင်းတွေမှာ ပုံစံ ရ တွေလည်းထုတ်ထားပေးတယ်၊ပြီးတော့ တစ်ဧကကို တစ်သိန်းခွဲနှုန်းနဲ့ ထုတ်ချေး ပေးတော့ ချေးငွေထုတ်မယ့်လူတွေတိုးလာဖို့ရှိပါတယ်။ မေလကနေ စက်တင်ဘာလအထိထုတ်ချေးရာသီ အနေနဲ့သတ်မှတ်ထားတယ်။ သီးနှံပေါ်ချိန် ငွေရွှင်ချိန်မှာတော့ သူတို့ပြန်ဆပ်ရမှာပေါ့။ ဇန်နဝါရီလ လောက် မှာပေါ့” ဟု ပြောသည်။

စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးမှုမရှိပါက လယ်သမားများအခက်အခဲရှိကြောင်း၊ အချို့သော လယ် သမား သားသမီးများ တစ်ဖက်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသဖြင့် လယ်ယာလုပ်ငန်းတွင် အလုပ်သမားငှားရမ်းစရိတ်များစွာ ကုန်ကျနေကြောင်း လယ်သမားများမှ သိရသည်။

လယ်ပိုင်ရှင် ဦးမြအေးက “ဒီကချေးငွေတွေမရရင် အခက်တွေ့ပါတယ်၊ ဘာလို့ လည်းဆိုတော့ ဦးတို့ဆီက စပါးကလည်း အထွက်နည်းတော့ လူငှားပြီးတော့လုပ်ဖို့ကလည်း စရိ်တ်မရှိဘူးလေ။ အခုလိုထုတ်ချေးပေးတော့ ကျေးဇူးတင်ရတာပေါ့” ဟုပြောသည်။

ချေးငွေများပြန်လည်ပေးချေနိုင်ရန် မတ်လအထိ နောက်ဆုံးထားပြီး သတ်မှတ်ထားကြောင်း၊ ချေး ငွေထုတ်ယူသည့် လယ်သမားအရေအတွက်သည်လည်း နှစ်စဉ်တိုးလာနေကြောင်းနှင့် ယခင်နှစ်များတွင် ချေးငွေထုတ်ချေးမှု ဧကပေါင်း သုံးသိန်းနီးပါးခန့်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

မွန်ပြည်နယ်တွင် မိုးစပါးစိုက်ပျိ်ုးဧကပေါင်း ရ သိန်းနီးပါးခန့်ရှိကြောင်း နှစ်စဉ်ချေးငွေထုတ်ယူသူ လယ်သမားဦးရေ လေးသောင်းကျော်ခန့်ရှိနေကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...