KIA ကို အစိုးရ ဂျက်တိုက် လေယာဉ်ဖြင့် တိုက်ခိုက်

KIA ကို အစိုးရ ဂျက်တိုက် လေယာဉ်ဖြင့် တိုက်ခိုက်
by -
ကေအဲန်ဂျီ
ကချင်ပြည်နယ် တောင်ပိုင်း မံစီမြို့နယ်ရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ရင်း (၂၇) စခန်း ပစ်မှတ်များ ကို အစိုးရတပ်မှ ယနေ့ ဂျက်တိုက် လေယာဉ်ဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အစိုးရ ဂျက်တိုက် လေယာဉ် ၂ စီးဖြင့် KIA တပ်ရင်း (၂၇) နယ်မြေဖြစ်သည့် အူလန်ပါ (Ulang Pa) နှင့် ခ ရှန် (Hka Shang) ကြား နေရာတစ်ဝိုက် နံနက်ပိုင်း (၁၁) နာရီခွဲခန့်တွင် တစ်ကြိမ်နှင့် မွန်းလွဲပိုင်း (၄) နာရီခန့် တစ်ကြိမ် ပစ်ခတ်ခဲ့ကြောင်း ကချင် လွတ်လပ်ရေး တပ်မတော် KIO/KIA လိုင်ဇာ ဗဟိုဌာနချုပ်မှ တာဝန်ရှိသူ ဒုဗိုလ်မှူးကြီးနော်ဘူ က ကချင်သတင်းဌာန KNG ကို ပြောသည်။

ယခုလို အစိုးရတပ်၏ လေကြောင်းဖြင့် တိုက်ခို်က်မှုတွင် KIA ဘက် ထိခို်က် ကျရှုံးမှု ရှိ မရှိ မသိရသေးကြောင်း ဒုဗိုလ်မှူးကြီး နော်ဘူ က ဆက်ဆိုသည်။

ယင်း KIA တပ်ရင်း (၂၇) နယ်မြေ မံစီမြို့တွင် အစိုးရတပ်နှင့် မေလ (၁၅) ရက်နေ့ကစပြီး နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလာသည်။

July 3, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ကသာမြို့နယ်အစပ်တွင် ယခုရက်ပိုင်းအတွင်း...
July 2, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ–တပ်ကုန်းအဆက်နားက ဂျပန်တံတားအောက် ရေချောင်းမှာ ညစ်ညမ်းရေတွေ...
July 1, 2026
ကချင်ပြည်နယ်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ...
June 30, 2026
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအုပ်စု နမ့်မှော်ကျေးရွာအနီး ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုမှာ...