အစိုးရတပ် နှင့် KIA မံစီမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားနေ

အစိုးရတပ် နှင့် KIA မံစီမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားနေ
by -
ကေအဲန်ဂျီ
အစိုးရတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ် ကြား ဗန်းမော်ခရိုင် မံစီမြို့နယ် KIA တပ်မဟာ (၃) အောက် တပ်ရင်း (၂၇) နယ်မြေမှာ ယနေ့ သုံးရက်မြောက် တိုက်ပွဲဖြစ်ပွားနေသည်။

ဗန်းမော်-မန်ဝင်းကြီး ကားလမ်းမကြီး အနီး တောင်ဘက်ခြမ်းတွင်ဖြစ်ပြီး မေလ ၁၅၊ ၁၆ နှင့် ၁၇ ယနေ့ အထိ တိုက်ပွဲ ငယ်များ ဖြစ်ပွားနေကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ KIO/KIA လိုင်ဇာ ဗဟိုဌာနချုပ်မှ ဒုဗိုလ်မှူးကြီး နော်ဘူက ကချင်သတင်းဌာန KNG ကို အတည်ပြု ပြောသည်။

မေလ (၁၅) ရက်နေ့ မနက်ပိုင်းကလည်း KIA တပ်ရင်း (၂၇) နယ်မြေ ခ ရှန်ပါ (Hka Shang Pa) ဘက်ကို အစိုးရတပ် ဗန်းမော် နယ်မြေခံ ခလရ (၂၃၇) နှင့် မိုးမိတ် နယ်မြေခံ ခလရ (၂၇၆) တပ်တို့ စစ်ရေး လှုပ်ရှား ဝင်ရောက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် (၁၆) ရက် ညနေပိုင်းတွင်လည်း အစိုးရတပ် မံစီ နယ်မြေခံ ခမရ (၆၀၁) စစ်ကြောင်းနှင့် KIA တို့ အူလန်ပါ (Ulang Pa) ဘက် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း KIA ရှေ့တန်းသတင်းမှ သိရသည်။

(၁၆) ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့သည့် အူလန်ပါ (Ulang Pa) ဘက်မှာပဲ ယနေ့ မနက်ပိုင်း ၁၀ နာရီခွဲ ခန့် ကလည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပါသည်။

KIA ၏ မိုင်းဖြင့် ခုခံ တိုက်ခိုက်မှုတွင် အစိုးရတပ်ဘက်က အထိနာမည့် အခြေအနေတွင် ရှိကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့အပြင် အစိုးရတပ်က နေရာအနှံ့ စစ်ရေးလှုပ်ရှားလာသည့်အတွက် တိုက်ပွဲကြီးဖြစ်လာနို်င်ကြောင်း KIA တပ်မဟာ (၃) မှူး ဗိုလ်မှူးကြီး တူးဂျာ ကလည်း မဇ္စျိမ သတင်းဌာန ကို ယမန်နေ့က ပြောခဲ့သည်။

အစိုးရတပ်နှင့် KIA တပ် ကြား မေလ (၅) ရက်နေ့မှ စတင်ကာ ဖားကန့် ကျောက်စိမ်းမှော်တွင် တိုက်ပွဲ ပြင်းထန်လာခဲ့ပြီး မေ ၁၀ ရက်နေ့တွင် KIA တပ်ရင်း (၆) ဌာနချုပ် ကို အစိုးရတပ်မှ သိမ်းပိုက်ခဲ့သည်။

ယခု အစိုးရတပ်နှင့် KIA တပ်ကြား ဖားကန့် ကျောက်စိမ်းမှော်နှင့် မံစီ နှစ်မြို့နယ်မှာ တိုက်ပွဲများ ပြင်းထန်လာနေချိန် ဟူးကောင်းချိုင့်ဝှမ်း KIA တပ်မဟာ (၂)၊ တပ်ရင်း (၁၄) နယ်မြေ ပယင်းမှော် ဘက်တွင်လည်း နှစ်ဖက် တိုက်ပွဲ ဖြစ်လာနိုင်သည့် အခြေအနေမှာ ရှိကြောင်း ဒေသခံများက ဆိုသည်။

May 19, 2026
လေယာဉ်လက်မှတ် အခက်အခဲကြောင့် မြစ်ကြီးနားမြို့ မှ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ဆေးသွားကုသရမယ့်...
May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...