ယင်းတလဲစာပေ ပြန့်ပွားရေးစတင်ပြီ

ယင်းတလဲစာပေ ပြန့်ပွားရေးစတင်ပြီ
by -
ကန္တာရဝတီတိုင်း(မ်)
အသစ်ထွင်ထားသည့် ယင်းတလဲစာပေကို မျိုးနွယ်စုများအကြား ပြန့်ပွားရေး စတင်ဆောင်ရွက်နေပြီဟု ၎င်းမျိုးနွယ်စု စာပေဖြစ်မြောက်ရေးအဖွဲ့ဝင် ကိုဘန့်ရိုင်းကပြောသည်။

စာပေပြန့်ပွားရေးအတွက် ဆရာဖြစ်သင်တန်းကို သင်တန်းသား၂၅ ဦးဖြင့် မေလ၁၀ရက်နေ့ကစပြီး တစ်ပတ်အကြာ ဘောလခဲမြို့နယ် ကယားပိုင်းရပ်ကွက် ၊ စာသင်ကျောင်းတွင် စတင်ပြုလုပ်နေပြီဖြစ်သည်။

“ ရည်ရွယ်ချက်ကတော့ကျနော်တို့ စာပေတွေ လုပ်လာပြီဆိုတော့ စာပေပြန့်ပွားအောင် ခုလို ဆရာဖြစ်သင်တန်းကို ဖွင့်ရတာပေါ့နော်” ဟု ကိုဘန့်ရိုင်းကပြောသည်။

အသစ်တီထွင် ထားသည့် ယင်းတလဲ စာပေကို ယင်းတလဲ လူမျိုးများ ထံ သင်ကြားပေးနိုင်ရေးအတွက် ပထမဆုံးအကြိမ် ဆရာဖြစ်သင်တန်းပေးခြင်းဖြစ်သည်။

ဆရာဖြစ်သင်တန်းဆင်းသူများကို ယင်းတလဲ လူမျိုးအများစုနေထိုင်သည့် ဝမ်အောင်းကျေးရွာနှင့် စလဲလုံး ကျေးရွာ များသို့ သင်ကြားပို့ချပေးနိုင်ရန် စီစဉ်ထားသည်ဟုသိရသည်။

ယင်းတလဲ စာပေ မရှိခြင်းကြောင့် မျိုးနွယ်စုဝင်များ နည်းပါးလာရသည်ဟု ယင်းတလဲလူမျိုး အများစုက လက်ခံ ယုံကြည်ထားကြသည့်အတွက် ယခုအခါ ယင်းတလဲ စာပေကြိုးစား သင်ယူကြရခြင်းဖြစ်သည်ဟု ယင်းတလဲလူမျိုးဖြစ်သည့် ဦးထွန်းအောင်ကပြောသည်။

“သူများပြောသလိုပဲ စာပေမရှိရင် လူမျိုးပျောက်တယ်ဆိုတော့ ဦးတို့လည်း ဒီယင်းတလဲ စာကို သင်မှာပါ။ လူမျိုး ရှိပြီး စာပေမရှိရင် ၊ မတတ်ရင် ဘာထူးမှာလဲ” ဟု ၎င်းကပြောသည်။

လူနည်းစုတစ်စုဖြစ်သည့် ယင်းတလဲလူမျိုးတို့သည် လူဦးရေစုစုပေါင်း တစ်ထောင့်ငါးရာဝန်းကျင်ခန့်သာ ရှိပြီး လူမျိုးပျောက်မည်ကို စိုးရိမ်သောကြောင့် စာပေကို စတင်တီထွင်ကာ လူမျိုးမပပျောက်စေရန်အတွက် ထိန်းသိမ်းလာကြသည်ဟု ယင်းတလဲစာပေဖြစ်မြောက်ရေး ကော်မတီဝင် ဦးပလိုင်ရိုင်း က ပြောသည်။

“လူမျိုးကပျောက်လားမပျောက်လားဆိုတာ စကားပြောတာကိုပဲကြည့်လိုက်ပါ။ ယင်းတလဲစကားကို အကုန်လုံးမသိကြတော့ဘူး” ဟု ဦးပလိုင်ရိုင်း ကပြောသည်။

ယင်းတလဲ စာပေကို တီထွင် နိုင်ရန် အမေရိကန် အခြေစိုက်ဖြစ်သည့် SEED ကုမ္မဏီ မှ ကူညီ ပံ့ပိုးထားခဲ့ကြောင်းသိရသည်။

“စစ်အခြေအနေအရ ပြေးရလွှားရတာကြောင့် ငါတို့စာပေတွေလည်း မပေါ်ပေါက်နိုင်ခဲ့ဘူး” ဟု ယင်းတလဲလူမျိုးတစ်ဦးဖြစ်သည့် ဘော်လခဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်(ခ) ဦးကော်ရိုင်းကပြောသည်။

ယခုလက်ရှိတွင် ယင်းတလဲစာပေတတ်မြောက်သူ စာပေကိုတီထွင်ထားသည့် လူငယ် ငါးဦးသာ ရှိေသေးသည်။

ယင်းတလဲစာပေကို ၂၀၁၄ - ၂၀၁၅ ခုနှစ် က စတင်တီထွင်ခဲ့ပြီး ကရင်နီစာပေ ကြယ်ဖိုးကြီးဗျည်း ဗျည်း၊ အက္ခရာ မှ အခြေခံယူထားသည့်စာပေဖြစ်သည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...