ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစနစ်နှင့် ပြည်သူကိုဝန်ဆောင်မှု ပေးရန်လိုကြောင်း ရဲမှူးချုပ်ဆို

ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစနစ်နှင့် ပြည်သူကိုဝန်ဆောင်မှု ပေးရန်လိုကြောင်း ရဲမှူးချုပ်ဆို
ပြည်သူ့ဗဟိုပြု ရဲလုပ်ငန်းစနစ်နှင့် ပြည်သူကို ဝန်ဆောင်မှု ပေးရန်လိုအပ်ကြောင်း မေလ ၁၂ ရက်နေ့က မော်လမြိုင်မြို့၌ ကျင်းပခဲ့သော မွန်ပြည်နယ်ရဲတပ်ဖွဲ့ ရက် (၁၀၀) စီမံချက် ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်း က ပြောဆိုလိုက်သည်။

အဆိုပါ ရက် (၁၀၀) စီမံချက်ကို မွန်ပြည်နယ်၊ ပြည်နယ်ရဲရုံး၊ ရာမညဇာနည်ခန်းမတွင် ရှင်းလင်းရာ မွန်ပြည်နယ် အတွင်းရှိ မြို့နယ်မှူး၊ စခန်းမှူးအပါအဝင် ရာထူးအဆင့်ဆင့်ရှိ ရဲတပ်ဖွဲ့ (၉၀) ဦးခန့် တက်ရောက် ခဲ့သည်ကို တွေ့ရှိရသည်။

ရဲမှူးချုပ် မျိုးဆွေဝင်း က “ဒီမိုကရေစီခေတ်နှင့် လိုက်လျောညီထွေသော ပြည်သူ့ဗဟိုပြုချဉ်းကပ်မှုအား တိုးမြှင့် ဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အားနည်းချက်/အားသာချက်များအား သေချာစေ့ငှစွာ ဆွေးနွေးခြင်း၊ သုံးသပ်ခြင်းများ ပြုလုပ်၍ ဤလုပ်ငန်းစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပိုမိုကောင်းမွန်သည့် ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေးနည်းလမ်းအား ရှာဖွေဖော်ထုတ်နိုင်ရေး မျှော်လင့်ကြောင်း” အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ပြည်သူလူထု၏ အခက်အခဲများအား ခွဲခြမ်းစိတ်ဖြာ၍ ဖြေရှင်းပေးရန် ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ ရဲနှင့် ပြည်သူလူထု အချိန်အခါမရွေး ထိတွေ့ဆက်ဆံမှု ရှိရန်လိုကြောင်း ရဲမှူးချုပ် က ဆက်ပြောသည်။

မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦး က “ဒီရက် (၁၀၀) အတွင်းမှာ မှုခင်းကျဆင်းရေးအတွက် ကျနော်တို့ လှည့်ကင်း၊ ပတ်ကင်းတွေ အရှိန်မြှင့် လုပ်ဆောင်တာရှိတယ်။ ပြည်သူက တိုင်တန်းတဲ့အမှုတွေ အချိန်နဲ့တ ပြေးညီ လုပ်ဆောင်တာရှိတယ်။ မူးယစ်ဆေးဝါအမှုဆိုလို့ရှိရင် ပြည်သူက သတင်းပေးတာရှိသလို ကျနော်တို့ အမှုတည်ဆောက်ပြီးတော့ ဖမ်းဆီးအရေးယူတာလည်း ရှိတယ်” ဟု ဆိုသည်။

ရာသီဥတုကြောင့် ပြည်သူများဘေးအန္တရာယ် ကျရောက်လာမည်ဆိုပါက ကူညီရန်အတွက် ပြည်သူ့ရဲများ အဆင်သင့်ပြင်ဆင်ထားရှိကြောင်း၊ အပိုင်နယ်မြေရဲစခန်းက တာဝန်ပျက်ကွက်မည်ဆိုပါက ပျက်ကွက်သည့် မှုခင်းအလိုက် ဖြေရှင်းချက်တောင်းမည်ဖြစ်ပြီး ခြစားမှုပါလာမည်ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲစည်းကမ်း ထိန််းသိမ်းရေး ဥပဒေပုဒ်မ နှင့် အရေးယူမည်ဖြစ်ကြောင်း ရဲမှူးကြီး ဘိုဘိုဦး ဆက်ပြောသည်။

ပြီးခဲ့သည့် မေ (၁) ရက်နေ့မှ မေ (၁၂) ရက်နေ့အထိ ရက် (၁၀၀) စီမံကိန်းတွင် မူးယစ်ဆေးဝါး (၆) မှု၊ လောင်းကစား (၂) မှု၊ လိုင်စင်မဲ့ယာဉ် (၈) စီး၊ ပြည်တန်ဆာ (၁၀) အိမ်အား ဖမ်းဆီးအရေးယူခဲ့သည့်အပြင်  ရေရှားပါးသဖြင့် ရေလိုအပ်သော နေရာများတွင်လည်း ကူညီပေးလျက်ရှိသည်ဟု သိရသည်။

မွန်ပြည်နယ်တွင် လူဦးရေ ၂ သန်းကျော်(၂,၀၅၀,၂၈၂ ဦး) နေထိုင်လျက်ရှိုပြီး ရဲတပ်ဖွဲ့အင်အား ၁၂၉၄ ဦးသာ ရှိသည့်အတွက် ရဲတစ်ဦးလျှင် ပြည်သူ ၁၅၀၀ ကျော်ကို ဝန်ဆောင်မှုပေးနေရသည်ဟု ဆိုသည်။

မွန်ပြည်နယ် ရဲတပ်ဖွဲ့ ရက် ၁၀၀ ဆွေးနွေးပွဲ ကျင်းပစဉ်် (မွန်ထော်)

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...