ကယား(ကရင်နီ)တွင် ရဲတပ်ဖွဲ့များ ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော်လျက်ရှိ

ကယား(ကရင်နီ)တွင် ရဲတပ်ဖွဲ့များ ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော်လျက်ရှိ
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ) ပြည်နယ်အစိုးရ၏ ရက်(၁၀၀) စီမံချက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် ရဲတပ်ဖွဲ့များ၏ မှုခင်းကျဆင်းရေး၊ မှုယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးဟောပြောမှုများကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နယ်မြေအလိုက် ပြုလုပ်နေကြောင်း လွိုင်ကော်မြို့မ ရဲစခန်းမှူး ဒုရဲမှူး ဦးကျော်ကျော်ဦးက မေလ ၅ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)ကို ပြောသည်။

polic 100“ရဲတပ်ဖွဲ့အနေနဲ့ မှုခင်းကျဆင်းရေးအတွက် ခိုးမှုတွေ၊ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေ ဒါဘာကြောင့်ဖြစ်တယ် မဖြစ်အောင်ဘယ်လို ကာကွယ်ထိန်းသိမ်းရမလဲ ပြည်သူတွေနဲ့ ဘယ်လိုပူးပေါင်းမလဲ ဒါတွေကို အဓိကထားပြီးတော့ ကျနော်တို့အနေနဲ့ ဆွေးနွေးသွားမှာဖြစ်ပြီးတော့ ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ ယာဉ်တိုက်မှုတွေဖြစ်နေတာတွေ ဘာကြောင့်ဖြစ်နေတယ် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုုက်နာမှုတွေ ဦးထုပ်မဆောင်းတာတွေ ဦးထုပ်မဆောင်းဘဲ ဖြစ်တဲ့ဟာတွေကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ ကျဆင်းအောင် ယာဉ်ထိန်းရဲတပ်ဖွဲ့က လိုက်လံဟောပြောပါတယ်။ မူးယစ်အထူးအနေနဲ့ကတော့ မှုးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ အမျိုးသားတာဝန်တစ်ရပ်အနေနဲ့ ကျနော်တို့ ဆောင်ရွက်နေတာဖြစ်တယ်” ဟု ဒုရဲမှူး ဦးကျော်ကျော်ဦးက ပြောသည်။

တစ်ပြည်နယ်လုံးအတိုင်းအတာနှင့် ယင်းပညာပေးဟောပြောပွဲများကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး မေ ၁ ရက်ကနေ မေ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကာ ပြည်သူလူထုအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်နယ်ရဲတပ်ဖွဲ့က တိုက်တွန်းထားသည်။

ကယားပြည်နယ်ရဲတပ်ဖွဲ့၏ စာရင်းများတွင် ယခင် ၂၀၁၅ ခုနှစ်အတွင်းမှာ ယာဉ်တိုက်မှုက အများဆုံးဖြစ်နေပြီး အမှုပေါင်း ၁၁၀ မှုဖြစ်ပွားခဲ့ရာ ဆုံရှုံးမှုတန််ဖိုး ကျပ် သိန်းငါးဆယ်ကျော် (၅၅၄၀၀၀၀ ကျပ်) ရှိခဲ့ကြောင်း သိရသည်။ မှုယစ်ဆေးဝါးဖမ်းဆီးရရှိမှုမှာ ၅၇ မှုနှင့်အတူ တန်ဖိုးစုစုပေါင်း (၆၂၁၂၁၈၈၅)ကျပ် အထိဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ယခုနှစ် ၂၀၁၆ အတွင်း ဧပြီလအထိ ယာဉ်တိုက်မှု ၃၀ ဖြစ်ပွားခဲ့ပြီး မှုယစ်မှု (၃၃) မှုနှင့်အတူ စိတ်ကြွဆေးပြား (WY) ၆၄၄၉ ပြားနှင့် ဘိ်န်းစိမ်း ၆၁၇၈ ဂရမ် နှစ်ခုပေါင်း စုစုပေါင်းတန်ဖိုး ကျပ် သိန်းနှစ်ရာခန့် (၁၉၄၁၀၂၄၄ ကျပ်) ဖမ်းဆီးခဲ့ကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...