ထွန်ယက်စိုက်ပျိုးချိန်အမီ အစိုးရက စက်ကိရိယာများ ချပေးရန် ဘောလခဲ ဒေသခံများလိုလားနေ

ထွန်ယက်စိုက်ပျိုးချိန်အမီ အစိုးရက စက်ကိရိယာများ ချပေးရန် ဘောလခဲ ဒေသခံများလိုလားနေ
by -
ကန္တာရဝတီတိုင်း(မ်)
ဘောလခဲ ဒေသခံတောင်သူများက ၎င်းတို့ တောင်ယာများထွန်ယက်စိုက်ပျိုးချိန်ဖြစ်သည့် မေလနှင့်ဇွန်လ အမီ ထွန်ယက်စိုက်ပျိုးသည့် စက်ကိရိယာများကို ပြည်နယ်အစိုးရက ချပေးရန်အတွက် လိုလားနေကြသည်။
meet machine
ကယားပြည်နယ် ၀န်ကြီးချုပ်မှ လူထုနှင့်တွေ့ဆုံနေစဉ် (ဓါတ်ပုံ - သီတာအောင်)

ဒေသခံများအဆိုအရ တောင်ယာများ များပြားလာသည့်အပေါ်တွင် တောင်သူများက ဒေသတွင်းပုဂ္ဂလိက ထွန်စက်များငှားရမ်းအသုံးနေမှုမှာ မလုံလောက်တော့ကြောင်းသိရသည်။

ဒေသခံများက ထွန်ယက်စိုက်ပျိုးရန် စက်ကိရိယာများ မလုံလောက်သည့်အတွက် စိုက်ပျိုးချိန် နောက်ကျမည်ကို စိုးရိမ်နေကြသည်။

 “အကယ်၍ စက်တွေအချိန်မှီမရောက်ရှိဘူးဆိုရင် သီးရမယ့်အချိန်ကလည်း မသီးတော့ဘူး။ သီးရင်လည်း မလှတော့ဘူး။ အပင်တွေလည်း ကောင်းရမှာကို မကောင်းတော့ဘူးဖြစ်တာပေါ့’’ ဟု တောင်ယာလုပ် ကိုင်နေသည့် မောင်နန့် ကလော်က ပြောသည်။

လက်ရှိတွင် စက်ပစ္စည်းများချပေးရန် ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုထားပြီး ပြည်နယ်ဝန်ကြီးချုပ် ဦး အယ်ဖောင်ရှို က အချိန်မီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဧပြီလ ၂၄ ရက်နေ့က ဘောလခဲ မြို့ဒေသခံများနှင့်တွေံဆုံ ပွဲတွင် ပြောဆိုသွားသည်။

“ဒီဘောလခဲခရိုင် ပြည်သူ့ကျန်းမာရေးကိစ္စ ၊ စိုက်ပျိုးရေးကိစ္စတွေကို အချိန်မှီဆောင်ရွက်ပေးပါမယ်။ ဘယ်ချိန်မှာ ဘယ်လိုဘတ်ဂျတ်နဲ့ သွားမလဲဆိုတာကို မိဘပြည်သူတို့ကို ပြန်လည် ဖြေကြားပေးပါမယ်” ဟု ဝန်ကြီးချုပ်ကပြောဆိုသွားခဲ့သည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...