နွေစပါး စိုက်ပျိုးရေးအတွက် ဆည်ရေလိုအပ်ပါက ဆည်မြောင်းဌာနရုံးသို့ တိုက်ရိုက်တောင်းခံနိုင်

နွေစပါး စိုက်ပျိုးရေးအတွက် ဆည်ရေလိုအပ်ပါက ဆည်မြောင်းဌာနရုံးသို့ တိုက်ရိုက်တောင်းခံနိုင်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း ငွေတောင်ဆည်ကို အားကိုးနေရသည့် လယ်များအတွက် နွေစပါး စိုက်ပျိုးရန် ရေလိုအပ်နေပါက ဆည်မြောင်းဦးစီးဌာနကို တိုက်ရိုက် တောင်းခံနိုင်ကြောင်း ဒုဦးစီးမှူး ဦးဇော်လင်းထွန်းကပြောသည်။

rice roks“ငွေတောင်ဆည်နဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့ နွေစပါးအောင်ရည်ကတော့ အဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ မနှစ်က ရေအမှတ်နဲ့ဆိုရင် ၂ပေလောက် ပိုမြင့်သေးတယ်လေး” ဟု ပြောသည်။

ယခုနှစ်ဧပြီလတွင် ညောင်ကိုင်းအနောက်ဘက် ကွင်းအမှတ် ၁၄ တွင် လယ်ဧက ၁၀ဧကခန့် ရေမရောက်၍ လယ်များပတ်ကြားအက်ခဲ့သည်။

တောင်သူများက ဆည်မြောင်းဌာနသို့ လာရောက်ပြီး ရေလွှတ်ပေးရန် တောင်းဆိုမှုများ မရှိခဲ့သည့်အတွက် ဆည်မြောင်းမှ ရေများအချိန်မီ မလွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

တောင်သူများက မိမိတို့ လယ်အတွင်းရေရရှိရေး အတွက် နေ့စဉ် သွားရောက်စောင့်ဆိုင်းနေကြရကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒီလိုမှ မစောင့်ရင် ကျွန်တော့်လယ်ထဲကို ရေဝင်နိုင်မှာ မဟုတ်ဘူး နေ့တိုင်းလာစောင့်တာတောင် ရေမပြည့်နိုင်ဘူး” ဟု လယ်သမားBကီး ဦးမောင်တာက ပြောသည်။

ဆည်မြောင်းဌာနမှ ဧပြီလ ၂၂ရက်နေ့မှစပြီး ရေစုပ်စက်ဖြင့် သွားရောက်စုပ်တင်ကာ ရေများသွင်းပေးခဲ့ကြောင်း သိရသည်။

ယခင်နှစ်များတွင် ငူးပလော့ဆည်နှင့် ငွေတောင်ဆည်ကို မှီပြီးလယ်တွင်းသို့ ရေလွှတ်ပေးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ငူးပလော့ဆည်ရေခမ်းသွားပြီ ဖြစ်၍ ငွေတောင်ဆည်ကိုသာ အားကိုးရတော့ကြောင်း ဆည်မြောင်းဌာနမှ သိရသည်။

လက်ရှိတွင် ငွေတောင်ဆည်ရေလွှဲမြောင်းမှ ရေများကို အကန့်အသတ်ဖြင့်သာ လွှတ်ပေးနေကြောင်း ဦးဇော်လင်းထွန်းက ပြောသည်။

ဆည်မြောင်းဌာနအနေဖြင့် ယခင်နှစ် ရေအမှတ် နှင့် ယခုနှစ်ရေ အမှတ်အပေါ် ကြည့်ပြီး ရေလွတ်ပေးနေရသည်။ ပုံမှန်အားဖြင့် ရေလွှဲမှ ၄လက်မမှ ၅လက်မထိ လွှတ်ပေးလေ့ရှိသော်လည်း တောင်သူများ၏ စိုက်ပျိုးရေးအခြေအနေကိုကြည့်ပြီး ၆ လက်မခန့်ထိ လွှတ်ပေးခြင်းများ ရှိကြောင်း ဦးဇော်လင်းထွန်းကပြောသည်။

လယ်သမားအချို့သည်လည်း ညအချိန်တွင် ၎င်းတို့လယ်တွင်းသို့ ရေရရှိရန်နှင့် ရှိနေသောရေများလည်း အခြားလယ်တွင်းသို့ ဝင်မသွားစေရန် ညအိပ်ညနေသွားရောက် စောင့်ဆိုင်းကြရသည်။

ဒီးမော့ဆိုမြို့နယ်တွင် ငွေတောင်ဆည်ကိုမှီပြီး စိုက်ပျိုးသော လယ်ဧက ၁၀၀၀ကျော်ခန့် ရှိကြောင်း သိရသည်။

May 18, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတနေရာမှာ ဒေသဓလေ့အရ ကန်ခုနှစ်ဆင့်အမည်ရ ရေကန်ကို...
Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...