မွန်ပြည်နယ်တွင် ၄ လအတွင်း ယာဉ်မတော်တဆမှု ၁၂၅ ဦးသေဆုံး၊ ၄၈၂ ဦးဒဏ်ရာရရှိ

မွန်ပြည်နယ်တွင် ၄ လအတွင်း ယာဉ်မတော်တဆမှု ၁၂၅ ဦးသေဆုံး၊ ၄၈၂ ဦးဒဏ်ရာရရှိ
၂၀၁၅ ခုနှစ် မော်လမြိုင်ခရိုင် ယာဉ်မတော်တဆဖြစ်ပွားမှုဇယား(MNA)
၂၀၁၅ ခုနှစ် မော်လမြိုင်ခရိုင် ယာဉ်မတော်တဆဖြစ်ပွားမှုဇယား(MNA)
မွန်ပြည်နယ်၊ (၁၀) မြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလအထိ ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှုှု ၂၈၇ ခု ဖြစ်ပွားခဲ့ရာ အမျိုးသား  ၁၀၀ ဦးနှင့် အမျိုးသမီး ၂၅ ဦးသေဆုံးခဲ့ကာ ၄၈၂ ဦး ဒဏ်ရာရခဲ့သည်ဟု မွန်ပြည်နယ်ယာဉ်ထိန်းသိမ်းရေးတပ်ဖွဲ့မှ သိရသည်။

အဆိုပါယာဉ်မတော်တဆမှုတွင် မော်တော်ယာဉ် ၁၃၅ စီး၊ မော်တော်ဆိုင်ကယ် ၁၄၀ စီး၊ ထော်လာဂျီ ၁၂ စီး ပါဝင်ပြီး လိုင်စင်ရှိသည့်ယာဉ် ၂၆၂ စီး၊ လိုင်စင်မဲ့ယာဉ် ၂၅ စီး၊ မဆင်မခြင်မောင်းနှင်မှု ၂၅၀ ခု၊ အရှိန်ပြင်းမောင်းနှင်မှု ၃၇ ခု ဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းတွင် ဖော်ပြထားသည်။

ယာဉ်မတော်တဆဖြစ်ပွားမှုစာရင်းတွင် အမျိုးသား ၃၃၁ ဦးနှင့် အမျိုးသမီး ၄ ဦး တရားစွဲခံထားရပြီး အဆိုပါ ယာဉ်မတော်တဆမှုများတွင် ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း လေးရာလေးဆယ်ကျော်(၄၄၄,၀၄,၃၀၀ိ) ရှိခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်တဝန်း နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ယာဉ်မတော်တဆမှုနှင့် ယာဉ်တိုက်မှု ၁၅,၄၀၆ ခုဖြစ်ပွားခဲ့ပြီး ၂၅,၆၁၄ ဦး ဒဏ်ရာရခဲ့၍ ၄၂၃၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...