ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ဧည့်လမ်းညွန်မွမ်းမံမှု သင်တန်း ဖွင့်လှစ်သွားမည်ဟု ဆို

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန် ဧည့်လမ်းညွန်မွမ်းမံမှု သင်တန်း ဖွင့်လှစ်သွားမည်ဟု ဆို
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ) ပြည်နယ်တွင် လိုင်းစင်ရဧည့်လမ်းညွှန် အလွန်းနည်းပါးသောကြောင့် ဧည့်လမ်းညွန် မွမ်းမံသင်တန်းကို ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးမှူးဦးစီးငှာနမှ ဒုတိယညွှန်ကြားရေးမှူးဦးမြင့်ဟန်က ဧပရယ်လ ၂၉ ရက်နေ့ ၊ ပြည်နယ်အစိုးရရုံးတွင် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပုဂ္ဂလိက အဖွဲ့များဆွေးနွေးပွဲတွင် ပြောဆိုသွားသည်။

“ ဝန််ကြီးချုပ်လမ်းညွှန််တဲ့အတိုင်း ရက်တစ်ရာစီမံချက်မှာ ဧည့်လမ်းညွန်မွန််းမံသင်တန်း အမြန်ဆုံးဖွင့်ဖို့ ကျတော်တို့ပြည်နယ်အစိုးရကိုတင်ပြတယ်။ ပြီးတော့ ဒေသအတွင်းမှာဖွင့်နိုင်အောင် ကျတော်တို့ဆောင်ရွက်သွားမှာဖြစ်တယ်။” ဟု ဦးမြင့်ဟန်ကပြောသည်။

လက်ရှိတွင်း ကယားပြည်နယ် အတွင်း ဧည့်လမ်းညွှန် ၁၁၄ ဦးရှိပြီး တရားဝင် လိုင်စင်ရှိသူ ၁၈ဦးသာရှိကြောင်းသိရသည်။

ကယားပြည်နယ်ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးငှေးအောင်က နောက်ဖွင့်မည် ဧည့်လမ်းညွှန််သင်တန််းတွင် ကယားပြည်နယ်တွင်းရှိ ဒေသခံဘွဲ့ရကလေးများ ပါဝင်လာစေရန် အတွက် အစည်းအဝေးတွင်းတောင်းဆိုထားသည်။

ထိုတောင်းဆိုမှုကို ကယားပြည်နယ်ဝန််ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက“ ဧည့်လမ်းညွှန်ကို နယ်ကလေးတွေပါလာဖို့အတွက် ပြီးခဲ့ပတ်ကလည်း ပြောထားပြီးသားပါ။ ပါလာအောင်လုပ်မှာပါ။ ရှင်းရှင်းပြောရမယ်ဆိုရင် ဒီလိုပါလာရင်အားလုံးအတွက်အကျိုးရှိတယ် ပညာရှင်အခန်းကဏ္ဍဘက်လည်း အကျိုးရှိသလို ကျတော်တို့ပြည်သူဘက်ကလည်း အကျိုးရှိပါတယ်။ အပြန်အလှန်လုပ်ရင်ယုံကြည် မှုရမယ်။ ယုံကြည်မှုရရင် အောင်မြင်မှုရမှာပါ” ဟု ပြန်လည်ဖြေဆိုခဲ့သည်။

ကယားပြည်နယ်အနေဖြင့် ခရီးသွားလုပ်ငန်းတွင် တစ်ခြားပြည်နယ်နှင့်တိုင်းထက် များစွာနောက်ကျနေခဲ့ပြီး ခရီးသွားလုပ်သန်းနှင့် ပတ်သက်လျှင် မိမိတို့ပြည်နယ်အနေဖြင့် လိုအပ်ချက်များရှိနေမည်မှာ အမှန်ဖြစ်သည်ဟု ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်(လ်)ဖောင်းချိုက ပြောသည််။

နိုင်ငံခြားခရီးသွားများ ပိုမိုရောက်ရှိလာနိုင်ရေးအတွက် လည်ပတ်မှုများသည့် ကယန်းကြေးကွင်းပတ် လူမျိုးများ နေထိုင်သည့်ပန် ပက်ကြေးရွာနှင့် ကန်ခုနှစ်ဆင့် ရေကန်များရှိသည့် တနီးလာလဲ ကျေးရွာများ အပြင် အခြား နေရာများကို ပါ နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားလာရန် မိတ်ဆက်ပေးဖို့လိုအပ်နေကြောင်း ဝန်ကြီးချုပ်ကပြောသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...