ပုဂ္ဂလိက ကဏ္ဍ၏စီးပွားရေးလုပ်ငန်းဖြင့် ပြည်နယ်အတွင်းထွက်ကုန်များ ကိုမြှင့်တင်ပေးမည်

ပုဂ္ဂလိက ကဏ္ဍ၏စီးပွားရေးလုပ်ငန်းဖြင့် ပြည်နယ်အတွင်းထွက်ကုန်များ ကိုမြှင့်တင်ပေးမည်
by -
ကန္တာရဝတီတိုင်း(မ်)
ကယား(ကရင်နီ)ပြည်နယ်မှ ထွက်ရှိမည့် ကုန်ပစ္စည်းများကို ကမ္ဘာအရပ်ရပ်သို့ ကုန်သွယ်မှု မြှင့်တင်နိုင်ရေးအတွက် ပုဂ္ဂလိကမှ ဦးဆောင်သော စျေးကွက်စီးပွားရေးစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် လွိုင်ကော်မြို့တွင် ကန္ဒရဝတီ ကုန်သွယ်မှုဗဟိုဌာန ကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကန္ဒရဝတီ ကုန်သွယ်မှုဗဟိုဌာနကို လွိုင်ကော်မြို့ နောင်ယား (ခ)တွင် ဧပြီလ ၂၉ ရက်နေ့က ဖွင့်ပွဲပြုလုပ်သွားရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့မှ ၎င်းကန္ဒရဝတီ ကုန်သွယ်မှုဗဟိုဌာနမှတဆင့် ကယားပြည်နယ်မှ ထွက်ရှိသည့် ကုန်ပစ္စည်းများ သတင်းအချက်အလက်များကို ကမ္ဘာအရပ်ရပ် ကုန်သည်များဆီကို အရောက်ကြေငြာပေးမည်ဟု ပြည်နယ်ဝန်ကြီးချူပ် ဦးအယ်( လ်)ဖောင်းရှိုက အခမ်း အနားတွင် ပြောဆိုသွားသည်။

“အခုခေတ်ကာလမှာ ကုန်ရောင်းသူတွေနဲ့ ဝယ်သူတွေဟာ ဒီစင်တာတွေမှာ လာရောက်ဆွေးနွေးပြီး အရောင်းအဝယ်ဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်” ဟု ဝန်ကြီးချူပ် ဦးအယ်(လ်)ဖောင်းရှိုက ပြောသွားသည်။

ခရီးသွားလုပ်ငန်းနှင့်ကုန်သွယ်ရေးကိုလည်း တစ်ချိန်တည်းတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်လာမည်ဖြစ်ကြောင်း ကယားပြည်နယ်ဝန်ကြီးချူပ် ဦးအယ်(လ်)ဖောင်းရှိုက ဆက် ပြောသွားသည်။

ကယားပြည်နယ်တွင်ကုန်ကြမ်းပစ္စည်းများရှိသော်လည်း အရည်အသွေး မမြှင့်တင်ပေးနိုင်သောကြောင့် စျေးကောင်းမရဘဲ ကမ္ဘာ့စျေးကွက်တွင် မဝင်ရောက်နိုင်သည့် အခြေအနေဖြစ်နေသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောသည်။

“ဒါတွေအားလုံးကို ချုံငုံမိအောင်လို့ မဟာဗျူဟာ ဆွဲပြီးတော့ ကျတော်တို့ဟာ ငါးနှစ်စီမံကိန််းနဲ့ စနစ်တကျအကောင်အထည်ဖော်နေ တာဖြစ်ပါတယ်” ဟု ဦးအောင်စိုးက အခမ်အနားဖွင့်ပွဲတွင်ပြောသွားသည်။

အစိုးရမှဦးဆောင်သော စီးပွားရေးမဟုုတ်တော့ဘဲ ပုဂ္ဂလိကမှဦးဆောင်သော စျေးကွက်စီးပွားရေးဖြစ်သည့်အတွက် ပုဂ္ဂလိက ကဏ္ဍ၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရန် အစိုးရ ဌာနမှ ပ့ံပိုးကူညီပေးမည်ဖြစ်သည်ဟု ပြောသွားသည်။

ဦးစားပေးရွေးချယ်ထားသည့် ကုန်စည်များမှာ ဆန်၊စပါး ၊ ပဲမျိုးစုံနှင့် သီးနှံ ၊ ရေထွက်ကုန် ၊ သစ်တောထွက်ကုန် ၊ ရာဘာ ၊ အထည်ချုပ် ၊ လုပ်ငန်းများကို ဝန်ဆောင်မှုများပေးခြင်း၊ ပုဂ္ဂလိက စီးပွားရေးသမားများကို မြှင့်တင်ရန်အတွက် ကုန်သွယ်မှု သတင်းအချက်အလက်နှင့် ကုန်သွယ်မှုမြှင့်တင်ရေးဌာန ၊ လုပ်ငန်းရှင်များအတွက် လိုအပ်သည့်ငွေကြေးအရင်းအနှီး ရရှိရေးဌာန ၊ သယ်ယူပို့ဆောင်ရေးဌာန ၊ အရည်အသွေးမြင့်တင်ရေးဌာနတို့ ပါရှိကြောင်းသိရသည်။

ကုန်သွယ်မှုဗဟိုဌာနတွင် စီးပွားရေးနှင့် ကုန််သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ၊ မေးများစုံစမ်းမှုများကို ဖြေကြားပေးခြင်း ၊ စာကြည့်တိုက်ဖွင့်ထားရှိခြင်း ၊ အီလက်ထရောနစ်သတင်းအချက်အလက်များ လေ့လာနိုင်ရန် စီစဉ်ပေးခြင်း ၊ ကုန်သွယ်မှုဆိုင်ရာ စာအုပ် စာစောင်နှင့် CD များထုတ််လုပ်ဖြန့်ချိခြင်း ၊ မြန်မာ့ပို့ကုန်ပြခန််း ဖွင့်လှစ်ထားရှိခြင်း ၊ ပို့ကုန်ကြော်ငြာခြင်းလုပ််ငန််း ဆောင်ရွက်ပေးခြင်း၊ ကုန််စည်ပြပွဲ ဝန်ဆောင်မှုပေးခြင်း ၊ စီးပွားရေးနှင့် ကုန််သွယ်မှုဆိုင်ရာ ဆွေးနွေးတိုင်ပင်နိုင်ရန် စီစဉ်ပေးခြင်း ၊ စီးပွားရေး ပညာရေး ဆွေးနွေးပွဲများစီစဉ်ပေးခြင်း၊ ကုန်သွယ်မှုပညာပေး သင်တန်းများဖွင့်လှစ်ပေးခြင်း ၊ လေ့လာရေးခရီးစဉ်များစီစဉ်ပေးခြင်း ၊ စီးပွားရေးတွေ့ဆုံညှိနှိုင်းပွဲများ စီစဉ်ပေးခြင်း၊ အမှတ်တရပစ္စည်းများ ရောင်းချခြင်း တို့ကို ဝန်ဆောင်မှုပေးနေသည်ဟု သိရသည်။

January 8, 2026
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့တွင်းမှာ ညမထွက်ရအမိန့်ကို ည ၉ နာရီကနေ...
January 8, 2026
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေကြောင့် ကရင်နီပြည်တွင်းက အမျိုးသမီးတွေဟာ...
January 7, 2026
ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပသွားခဲ့တဲ့ လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ပြည်နယ်အခြေစိုက်...
December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...