မွန်ပြည်နယ်လွှတ်တော်သို့ မြေယာ၊ စီမံကိန်းနှင့်ပတ်သက်သည့် တိုင်ကြားစာအများဆုံးရောက်ရှိ

မွန်ပြည်နယ်လွှတ်တော်သို့ မြေယာ၊ စီမံကိန်းနှင့်ပတ်သက်သည့် တိုင်ကြားစာအများဆုံးရောက်ရှိ
မွန်ပြည်နယ်လွှတ်တော်(MNA)
မွန်ပြည်နယ်လွှတ်တော်(MNA)
မွန်ပြည်နယ်လွှတ်တော်ဒုတိယသက်တမ်း၌  ပြည်သူများမှ တိုင်ကြားစာများပေးပို့ရာတွင် မြေယာအငြင်းပွားမှုနှင့် စီမံကိန်းများနှင့် ပတ်သက်သည့် တိုင်ကြားစာများ အများဆုံး ရောက်ရှိနေကြောင်း တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောသည်။

အဆိုပါ တိုင်ကြားထားသည့်စီမံကိန်းများအား ကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး တွေ့ရှိချက်များကို ပြည်နယ်လွှတ်တော်မှတဆင့် ပြည်နယ်အစိုးရထံသို့ ပေးပို့သွားမည်ဟု ဆိုသည်။

ဦးအောင်ကျော်က “ဒီနေ့အထိဆိုရင်တိုင်စာက ၂၅ စောင်လောက်ရှိပြီ၊ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ သဘာဝအရင်းအမြစ်တွေ ကို စနစ်တကျစီမံခန့်ခွဲမူကိစ္စတွေကို ဦးစားပေး ဆောင်ရွက်သွားမယ်။ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ ရဲအရေးပိုင်ကိစ္စတွေ၊ တရားမ အမှုကိစ္စမျိုးတွေကို သက်ဆိုင်ရာတွေကိုပဲ လွှဲပေးလိုက်မယ်” ဟု ပြောသည်။

ထို့အပြင် စီမံကိန်းများဆောင်ရွက်ရာတွင် ပြည်သူများကိုအသိပေးခြင်းမရှိဘဲ ဆောင်ရွက်နေမှုများကြောင့် ယင်းပြဿနာများဖြစ်ပေါ် ရသည်ဟု ၎င်းကဆက်ပြောသည်။

တိုင်ကြားစာများ ပေးပို့ထားခြင်းခံရသည့် ကျိုက်မရောမြို့နယ်ရှိ ဘိလပ်မြေစက်ရုံနှင့် ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာရှိ ကျောက်ခွဲမိုင်းလုပ်ငန်းများကို လေ့လာကာ အဓိကထားဆောင်ရွက်ရန် လိုအပ်နေသည်ဟု ဆိုသည်။

တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီမှ ကော်မတီဝင် ဦးဇော်ဇော်ထူးက “ကျွန်တော်တို့မူဝါဒတွေ ချမှတ်ထားတာရှိတယ်။ ဘယ်လိုတိုင်ရမယ်၊ ဘယ်လိုကိစ္စတွေကို တိုင်ကြားလို့ရမယ်၊ ပြီးတော့ဘယ်လိုကိစ္စတွေကို အရေးယူဆောင်ရွက်ပေးမယ် ဒါတွေပေါ့။ တိုင်ကြားထားခြင်းခံရတဲ့ လုပ်ငန်းတွေဆိုရင်လည်း ကော်မတီအနေနဲ့ ကွင်းဆင်းပြီး လေ့လာစစ်ဆေးပါတယ်” ဟု ပြောသည်။

လုပ်ငန်းရှင်များမှ ပွင့်လင်းမြင်သာမူမရှိခြင်း၊ တာဝန်ယူမူ တာဝန်ခံမူများ မရှိခြင်းကြောင့် ယခု ပြဿနာများဖြစ်ပေါ်စေခဲ့သည်ဟု ဆိုသည်။

မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီအား ကော်မတီဝင် ၁၁ ဦးဖြင့်ဖွဲ့စည်းထားပြီး အပတ်စဉ် ကော်မတီအစည်းဝေးများ ကျင်းပနေကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...