ရေးမြို့နယ် အစင်ကျေးရွာတွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များပါဖမ်းဆီးရမိ

ရေးမြို့နယ် အစင်ကျေးရွာတွင် မူးယစ်ဆေးဝါးနှင့်အတူ လက်နက်များပါဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတရားခံ(MNA)
မူးယစ်ဆေးဝါးတရားခံ(MNA)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ဧပြီလ (၂၆) ရက်နေ့ နနံက် (၈) နာရီခန့်က မူးယစ် ဆေးဝါးနှင့်အတူ တုတ်/ဓါး၊ လက်ပစ်ဗုံး၊ လေသေနတ်များ ဖမ်းဆီးရမိသည်ဟု မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတား ဆီးနှိမ်နှင်းရေးတပ်ဖွဲ့ စု (၃၉)  (ရေး) မှ သိရသည်။

မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူး သန်းဇော်က “အခုလောလောဆယ် ကျနော် တရားခံတွေကို စစ်ကြောနေပါတယ်။ ကွင်းဆက်တော့မပြီးသေး ဘူး” ဟု ဆိုသည်။

Weapons
မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးမိသောလက်နက်များ(MNA)

အဆိုပါဖမ်းဆီးရမိသည့်ပစ္စည်များတွင် ဦးစိုးမိုးဦးမှ ဆေးပြား (၂၂၈) ပြား၊ လက်ပစ်ဗုံး (၁) လုံးနှင့် မောင်အာကာဦးမှ ဆေးပြား (၃၀) ပြား ဖမ်းဆီးရမိသည်ဟု ဒုရဲမှူး သန်းဇော်က ဆက်ပြောသည်။

အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုနိုင်နိုင်က “အခုဖမ်းမိတဲ့လူတွေက ရောင်းတဲ့လူတွေပါ။ သုံးလည်းသုံးတယ် လို့ သိရတယ်။ ကျနော်တို့အစင်ရွာမှာက ဒီ (၇/၈) နှစ်ဝန်းကျင်မှာ မူးယစ်ဆေးဝါးကိစ္စ တော်တော်လေး ကျယ်ပြန့်လာတယ်။ ရ/၈ တန်းကလေးတွေရော သုံးတတ်နေကြပြီ” ဟု ဆိုသည်။

အလားတူ လွန်ခဲ့သည့်  ဧပြီလ (၁၀) ရက်၊ (၂၀၁၆) ခုနှစ်တွင်လည်း မွန်ပြည်နယ်၊ ရေးမြို့၊ လမိုင်းရဲစခန်းအပိုင်၊ ကော့ဒွတ်ကျေးရွာ အုပ်စု၊ ကော့ချကျေးရွာရှိ ဦးဌေးလှိုင်၏ နေအိမ်မှ စိတ်ကြွမူးယစ်ဆေးပြား (၁၂၀) ပြား ကို မြန် မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ စု (၃၉)  (ရေး) က ဖမ်းဆီးရမိကြောင်း သိရသည်။

Most read this week

January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...
January 21, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ နောက်ဆုံးအပိုင်းတွင် ပါဝင်နေသည့် ကော့ကရိတ်မြို့နယ်တွင်...