မွန်ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးအား ရွေးချယ်မှု NLD ကိုယ်စားလှယ်အချို့လက်မခံနိုင်ဟုဆို

မွန်ဝန်ကြီးချုပ်အဖြစ် ဦးမင်းမင်းဦးအား ရွေးချယ်မှု NLD ကိုယ်စားလှယ်အချို့လက်မခံနိုင်ဟုဆို
မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ရန် NLD သမ္မတအမည်စာရင်းတင်သွင်းထားသော ဦးမင်းမင်းဦးအား လက်မခံနိုင်သဖြင့် ၀န်ကြီးချုပ်အဖြစ်ကျမ်းမကျိမ်မီ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်အချို့ ကန့်ကွက်သွားမည်ဖြစ်ကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အခြားသောလွှတ်တော်ကိုယ်စားလှယ်များသည် ၎င်းထက်ပိုမိုသာလွန်သော အရည်အချင်းများရှိနေကြောင်း ယခုကဲ့သို့ခန့်အပ်လိုက်ခြင်းသည် အခြားသော လွှတ်တော်ကိုယ်စားလှယ်များအား နှိမ့်ချသကဲ့သို့ဖြစ်ကြောင်း အမည်မဖော်လိုသော NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

အဆိုပါ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “ဒါကတော့ဗဟိုဦးစီးစနစ်ပဲ NLD ကသွားနေတာ။သူ့ကိုလွှတ်တော်ဒုဥက္ကဋ္ဌကနေ ၀န်ကြီးချုပ်ထပ်ပေးလိုက်တော့ ကျန်တဲ့လူတွေတစ်ပုံကြီးရှိတယ်။သူ့ထက်သာတဲ့လူတွေတစ်ပုံကြီးရှိတယ်။ ကျန်တဲ့သူတွေက အသုံးမကျဘူးဆိုတဲ့သဘော သက်ရောက်တယ်” ဟု ပြောသည်။

 ယမန်နေ့ကကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော်တွင် ဦးမင်းမင်းဦးအား ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များအား သဘောထားမေးမြန်းခြင်း မရှိသည့်အပေါ်တွင်လည်း သဘောမကျကြောင်း၊ ယခုဦးမင်းမင်းဦးအား ၀န်းကြီးချုပ်အဖြစ် ခန့်အပ်ခြင်းကို မည်သည့်အကြောင်းပြချက်နှင့်ပင် လက်မခံနိုင်ကြောင်း အဆိုပါလွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောသည်။

NLD ပါတီမှ အခြားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “အပေါ်က ဟုတ်ကဲ့ဆိုတိုင်း ဟုတ်ကဲ့ဆိုတဲ့စနစ်ကိုမကြိုက်လို့ ဒါကိုပြောင်းချင်တာလေ။ ဒီမိုကရေစီဆိုမေးလေ အများသဘောထားကို။ သူ့ကိုပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌပေးကတည်းကိုက သဘောမကျတာ။ ဒုဥက္ကဋ္ဌလောက်ဆိုတာက ဘာမှမဖြစ်လောက်ဘူးဆိိုလို့ ဘာမှမပြောပဲကြည့်နေတာ” ဟု ပြောသည်။

ဦးမင်းမင်းဦးအား လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ဖြစ်သည်။

 သို့ရာတွင် NLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းထင်အောင်ဟန်က ပြည်သူများကဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်မှ ရွေးချယ်လိုက်သည့် ၀န်ကြီးများကို ပြည်သူများက လက်မခံနိုင်စရာမရှိကြောင်း မွန်သတင်းအေဂျင်စီသို့ ပြောသည်။

 ဦးမင်းမင်းဦသည် အသက် ၄၆နှစ်ရှိပြီး ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ အင်ဂျင်နီယာဘွဲ့ BE ဘီးလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌအဖြစ်လည်ကောင်း၊ ဘီးလင်းမြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဘဏ္ဍာရေးမှူးအဖြစ်လည်ကောင်း၊ တောင်စွန်းတိုက်နယ်ဆေးရုံ ကြီးကြပ်မှုကော်မတီအဖြစ်လည်းကောင်း လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်ဝန်ကြီးချုပ်အဖြစ် အဆိုပြုခံထားရသူ ဦးမင်းမင်းဦး(MNA)

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...