မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေဟုဆို

မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေဟုဆို
စနောင်းတိုင်းမွန်သတင်းဌာန Debate အစီအစဉ်(MNA)
စနောင်းတိုင်းမွန်သတင်းဌာန Debate အစီအစဉ်(MNA)
မွန်ပြည်နယ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမူများ ၀င်ရောက်လာခဲ့သည်နှင့်အမျှှ စက်ရုံများပေါ်ပေါက်လာခြင်းသည် ဖွံ့ဖြိုးမှုရှိလာသကဲ့သို့ နောက်ကွယ်တွင် ဆိုးကျိုးများလည်း ရှိနေနိုင်ကြောင်း မော်လမြိုင်မြို့၊ ပိုင်ခေတ်ခန်းမ၌ ယနေ့(မတ် ၂၅ ရက်နေ့)တွင် ပြုလုပ်သည့် စနောင်းတိုင်းမွန်သတင်းဌာန Debate အစီအစဉ်တွင် အဖြေရှာဆွေးနွေးခဲ့ကြသည်။

ဦးဆောင်ဆွေးနွေးသူ နိုင်ရဲဇော်က “ဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ရင်းနှီးမြှုပ်နှံမှု လုပ်ဖို့တော့လိုမယ်။ ဒါကတော့သူက အချိူးကျနေတာကိုး။ စီးပွားရေး ရင်းနှီးမြှုပ်နှံမူများလာလေလေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်ဖြစ် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ် များလာရင်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမယ်၊ အလုပ်ကိုင်အခွင့်အလမ်းတွေ များလာမယ်။ နည်းပညာတွေတိုးတက်လာမယ်။ ရင်းနှီးမြှုပ်နှံမှုက လုပ်ကိုလုပ်ရမှာပါ။ လုပ်တဲ့အခါမှာ ကျွန်တော်တို့က ဖြစ်ပေါ်လာမယ့်ဆိုးကျိုးတွေကို အနည်းဆုံးဖြစ်လာအောင် ဆောင်ရွက်ရမယ်” ဟု ပြောသည်။

ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်သည့် ကုမ္မဏီများကို ဥပဒေအရ သေချာစွာ လေ့လာစိစစ်ပြီးမှသာ လုပ်ကိုင်ခွင့်ပေးမယ်ဆိုရင်လည်း ဆိုးကျိုးတွေနည်းလာမည်ဖြစ်ကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေသခံပြည်သူများလက်ခံမှသာ စီမံကိန်းများကို အကောင်ထည် ဖော်ဆောင်ရွက်သင့်သည်ဟု သူကဆိုသည်။

ကျိုက်မရောမြိ်ု့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်မွန်က “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါ ပြည်ထောင်စုအစိုးရဆီကိုပဲ တိုက်ရိုက်ဝင်လာတာများတယ်။ ပြည်ထောင်စုအဆင့်ကလူတွေလည်း အမြင်ကျယ်ပြီးတော့ နည်းဥပဒေအတိုင်း ပြည်သူတွေရဲ့ သဘောဆန္ဒအတိုင်း လုပ်ဆောင်သွားမယ်ဆိုရင် စီမံကိန်းလုပ်ငန်းတွေက အောင်မြင်နိုင်ပါတယ်” ဟု ပြောသည်။

 ဒေသတွင်းသို့ ဝင်ရောက်လာသော အဆုုိပါစီမံကိန်းများကို ပြည်သူများသိရှိခွင့်မရှိဘဲ လုပ်ငန်းများ ဆောင်ရွက်နေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည့် စီမံကိန်းများကြောင့်လည်း ပြည်သူများ ထိတ်လန့်နေခြင်းဖြစ်သည်။

လက်ရှိတွင် ရေးမြို့နယ်ရှိ အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ကျိုက်မရောရှိ MCL ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတိုု့ကို ဒေသခံပြည်သူတို့ အပြင်းအထန် ကန့်ကွက်နေကြသည်ဟု သိရသည်။

စနောင်းတိုင်းအုပ်ချုပ်မှုအယ်ဒီတာ နိုင်မြင့်နိုင် “လာမည့်အရပ်သားအစိုးရသစ်လက်ထက်မှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကတော့ ဝင်လာမှာပဲ၊ ဒါကို အခြေခံပြီးတော့ ကောင်းကျိုးက ဘယ်လိုရှိနိုင်မလဲ၊ ဆိုးကျိုးက ဘာဖြစ်နိုင်သလဲ ပြည်သူတွေအတွက် အသိပညာ ဗဟုသုတရရှိနိုင်အောင် ဒီ Debate အခြေအတင်ဆွေးနွေးပွဲ လုပ်ဆောင်တာဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ Debate တွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ဦးကြည်ဇော်လွင် (ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ လေ့လာသူ)၊ နိုင်ရဲဇော် (စာရေးသူနှင့် နိုင်ငံရေးလေ့လာသူ)၊ ဦးမောင်မောင်ဇော်ထွန်း (မော်လမြိုင်မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူပြုကော်မတီ အတွင်းရေးမှူး) နှင့် မိချယ်ရီစိုး (သံလွင်မြစ်ကွန်ရက် သုတေသနအဖွဲ့ခေါင်းဆောင်) အပါအဝင် အံဒင်ဒေသခံ၊ ကော့ဒွန်း၊ ကော့ပနော့၊ ကွမ်းငန်းဒေသခံများနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မော်လမြိုင်မြို့ရှိ CSO၊ မီဒီယာများအပါအဝင် စုစုပေါင်း ၄၅ ဦးတို့က နံနက် ၁၀ နာရီအချိန်မှစတင်၍ ၂ နာရီကြာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

စနောင်းတိုင်းမွန်သတင်းဌာနအနေဖြင့် “လူငယ်များအကြား ပြန့်နှံ့နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဘယ်လိုကာကွယ်တားဆီးကြမလဲ” “NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်နိုင်အောင် အစိုးရသစ် ဖော်ဆောင်နိုင်မှာလား” “၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားအခွင့်အရေး ဘယ်လောက်ရနိုင်မလဲ” စသည့်ခေါင်းစဉ်များဖြင့်လည်း အလားတူ Debate အစီအစဉ်များကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

caption- စနောင်းတိုင်းမွန်သတင်းဌာန Debate အစီအစဉ်(MNA)

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...