မွန်ပြည်နယ် ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ (ယထက) အတွင်းရေးမှူး ဦးကျော် ဝင်းမောင်က “ဘယ်ယာဉ်လိုင်းတွေ ရပ်နားမလဲ ရပ်နားမယ့် ယာဉ်လိုင်းတွေကို စာရင်းကောက်မယ်၊ နောက်ဘယ်လိုင်းတွေက ပြေးဆွဲမယ်။ အဲ့ပြေးဆွဲတဲ့လိုင်းတွေကို ယာဉ်စည်းကမ်းနှုန်းထားတွေပေ့ါ ပိုမိုရောင်းချလို့မရဘူး ပိုမိုရောင်းချလို့ ခရီးသည်ကလာတိုင်တာပဲ့ဖြစ်ဖြစ်၊ ဒီကော်မတီက စစ်ဆေးတွေ့ရှိ တာပဲဖြစ်ဖြစ် အရေးယူမယ်ဆိုတာကို သူတို့ကိုအကြောင်းကြားထားမယ်”ဟု ပြောခဲ့သည်။
လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းများ၏ ကားခပုံမှန်စျေးနှုန်းများမှာ မော်လမြိုင်-ရန်ကုန် ၅၅၀၀ိ မှ ၆၅၀၀ိ ကြားရှိပြီး မော်လမြိုင်-ရေး စျေးနှုန်း ၃၀၀၀ိ မှ ၄၀၀၀ိ ကြား မော်လမြိုင်- ကျိုက်ထီးရိုး ၃၀၀၀ိ မှ ၄၀၀၀ိ ကြား ရှိသည်ဟု သိရသည်။
“သင်္ကြန်နီးတော့ အရင်နှစ်ကဆို နည်းနည်းမြှင့်တယ်။ ဘာလို့လဲဆိုတော့ သင်္ကြန်ရက်အတွင်းဆို သွား လာရတာ ခက်ခဲတယ်။ လိုချင်တဲ့အချိန်မရောက်ဘူးပေါ့ မြှင့်တာကလည်း အများတော့မဟုတ်ဘူး တစ် ထောင် နှစ်ထောင်လောက်ပါပဲ။ နောက်အဲဒီထဲမှာ ဝန်ဆောင်မှုတွေလည်းပေးတယ်လေ ဥပမာ အအေး တို့ ရေသန့်ဘူးတို့ပေါ့။ ဒီနှစ်ကတော့ ကိုယ်တို့ဆုံးဖြတ်လို့မရဘူး အထက်ကဆုံးဖြတ်မှရတာပါ” ဟု မန္တလာ မင်းကားဂိတ်တာဝန်ခံ ဦးလွင်ကိုကိုလတ်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။
၄င်းတို့ယာဉ်လိုင်းအနေဖြင့် သင်္ကြန်ရက်အတွင်း ဆက်ပြေးဆွဲမည်ဖြစ်ပြီး အကယ်၍ မွန်ပြည်နယ် ယ-ထ-ကမှ စျေးနှုန်းမြှင့်တင်မှု မပြုရသည့် ထုတ်ပြန်ကြေငြာချက်ထုတ်လျှင် စျေးနှုန်းမတင်ဘူးဟု သူက ဆက်ပြောခဲ့သည်။
မော်လမြိုင်မြို့တွင် ယာဉ်လိုင်းပြေးဆွဲနေသည့် မော်လမြိုင်-ရန်ကုန်၊ မော်လမြိုင်-ကျိုက်ထီးရိုး၊ မော်လ မြိုင်-ထားဝယ် စသည့် ယာဉ်လိုင်းပေါင်း(၅၁)လိုင်း ရှိသည်ဟု ယထက အတွင်းရေးမှူး ဦးကျော်ဝင်း မောင်ထံမှ သိရသည်။







