“ဒီတိုးချဲ့ဆောင်တွေကို စက်တင်ဘာလက စတင် ဆောက်လုပ်ခဲ့တာ။ အခုဆိုရင် အရှေ့ဘက်ကုတင် ၅၀ ဆံ့ လူနာဆောင်ဆို ၈၀ ရာခိုင်နှုန်းနဲ့ အနောက်ဘက် ခြောက်ခန်းတွဲ လေးထပ်ဆောင် ဝန်ထမ်းအိမ်ရာက ၈၆ ရာခိုင်းနှုန်း ပြီးစီးနေပြီ။ ဧပြီ ၂၅ ရက်နေ့လောက်ဆို အားလုံးပြီးစီးမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုုပါ ပြည်သူဆေးရုံ တိုးချဲ့ဆောင်နှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မှုအတွက် ယခုဘဏ္ဍနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်မှ ကျပ်သန်း ၆၀၀ ချထားပေးပြီး ကျန်ရှိနေသည့် ဘက်ဂျက်အား လာမည့် ဘဏ္ဍာနှစ်မှ ထပ်မံချပေးမည် ဖြစ်သော်လည်း ကုမ္ပဏီမှ အပြီးသတ် ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
တာဝန်ထမ်းဆောင်နေသော ဆရာ၊ဆရာမ ၅၀ ကျော်ရှိသော ကျိုက်ထိုပြည်သူ့ဆေးရုံသည် နှစ်ထပ်တိုးချဲ့ဆောင်ဆောက်လုပ်မှုပြီးစီးပါက ကုတင် ၁၀၀ ဆံ့ ဆေးရုံဖြစ်လာမည်ဖြစ်ကြောင်း အဆိုပါ ဆေးရုံထံမှ သိရသည်။



