လက်ရှိအချိန်ထိ ကလေးစစ်သား (၇၄၅) ဦး တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုပြီးဖြစ်ဟု ဆို

လက်ရှိအချိန်ထိ ကလေးစစ်သား (၇၄၅) ဦး တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုပြီးဖြစ်ဟု ဆို
အရွယ်မရောက်သည့် ကလေးစစ်သား ၄၆ ဦးကို မတ်လ ၁၂ ရက်နေ့တွင် ၁၂ ကြိမ်မြောက်အဖြစ် တပ်မ တော်မှ ထပ်မံနှုတ်ထွက်ခွင့်ပြုလိုက်ပြီး မိဘ (သို့မဟုတ်) အုပ်ထိန်းသူထံ လွှဲပြောင်းခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ် (၁) စစ်ကြောရေးနှင့် တည်းခိုးရေးစခန်း၌ ကျင်းပခဲ့သည်ဟု နိုင်ငံပိုင်ရုပ်သံမီဒီယာများ တွင် ဖော်ပြခဲ့သည်။

Child Soldier၂၀၁၂ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံအစိုးရမှ ကုလသမဂ္ဂနှင့်အတူ ပူးတွဲလုပ်ငန်းဆောင်ရွက်မှုစီမံချက် (Joint Action Plan) ကို သဘောတူလက်မှတ်ရေးထိုးပြီးသည့်အချိန်မှစတင်၍ ကလေးစစ်သား စုစုပေါင်း (၇၄၅) ဦးကို တပ်မတော်မှ နှုတ်ထွက်ခွင့်ပြုခဲ့ပြီးဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ၏ သတင်းထုတ်ပြန် ချက် အရ သိရသည်။

ထို့အပြင် တပ်မတော်အတွင်းရှိ ကလေးစစ်သားများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အလိုက် အသေးစိတ်စိစစ် လျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ကလေးစစ်သားစုဆောင်းခဲ့သည့် တာဝန်ရှိသူအရာရှိ ရ၃ ဦး နှင့်စစ်သည် ၃၀၉ ဦးတို့ကို စစ်စည်းကမ်းနှင့်အညီ အရေးယူထားကြောင်းလည်း အဆိုပါ နိုင်ငံပိုင်ရုပ်သံမီဒီယာ မှတဆင့် သိရသည်။

ကလေးသူငယ်အခွင့်အရေးများကို ကြီးလေးသော ချိုးဖောက်မှုများအား စောင့်ကြည့်လေ့လာရေး နှင့် အစီရင်ခံတင်ပြရေး နိုင်ငံအလိုက်အထူးတာဝန်အဖွဲ့ CTFMR ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် မစ္စရီနားတားလော့ ဒန်စဲလီယန်နှင့်ယူနီဆက်မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် ဘာထရန်ဘိန်ဗဲလ်တို့က ယခုကဲ့သို့ နှုတ်ထွက် ခွင့်ပြုခြင်းအပေါ် ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသည့် ပဋ္ဋိပက္ခများတွင် ကလေးသူငယ်များကို ထည့်သွင်း ပါဝင်နေမှုအား အပြီးသတ််စေရန် အပြုသဘောဆောင်သည့် နောက်ထပ် ဖွံ့ဖြိုးမှုအဆင့် တစ်ခုဖြစ် ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

၂၀၀၇ ခုနှစ်တွင် မြန်မာအစိုးရ တပ်မတော်အပါအဝင် အစိုးရမဟုတ်သည့် လက်နက်ကိုင်အဖွဲ့ပေါင်း (၇)ဖွဲ့ကို  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ခေါ်ယူစုဆောင်းခြင်းနှင့် အသုံးပြုခြင်း စာရင်းတွင် ထည့်သွင်းခဲ့သည်။

ယင်းလက်နက်ကိုင် (၇) ဖွဲ့တို့မှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသာတပ်မတော် (DKBA)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNLA-PC)၊ ကရင်နီတပ်ဖွဲ့ (KA)၊ ရှမ်းပြည်နယ်တပ်ဖွဲ့တောင်ပိုင်း (SSA-S)၊ “ဝ” ပြည်သွေး စည်း ညီညွတ်ရေးတပ်မတော် (UWSA) တို့ဖြစ်သည်။

 CTFMR အနေဖြင့် အသက် (၁၈) နှစ်အောက် ကလေးငယ်များ တပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်းနှင့် အသုံး ချခြင်းတို့မှ ကာကွယ်ရပ်တန့်စေရေးနှင့် လုပ်ငန်းစီမံချက်များ လက်မှတ်ရေးထိုးရန် အဆိုပါ တိုင်းရင်းသားလက် နက်ကိုင် (၇) ဖွဲ့နှင့် အပြန်အလှန်ဆွေးနွေးပြောဆိုခြင်းများ စတင် ပြုလုပ်နေပြီဖြစ်သည်ဟုလည်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ၏ထုတ်ပြန်ချက်တွင် ဆိုထားသည်။

CTFMR အဖွဲ့တွင် ILO, UNDP, UNFPA, UNHCR, UNICEF, UNOCHA, UN RC/HC Office, WFP စသည့် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ World Vision နှင့် Save the Children အဖွဲ့တို့ဖြင့် ဖွဲ့စည်း ထားသည်။

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...