ဘုရားသုံးဆူမြို့တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်သတ်ခံရ

ဘုရားသုံးဆူမြို့တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်သတ်ခံရ
သနတ်ပစ်သတ်ခံအမျိုးသမီး(MNA)
သနတ်ပစ်သတ်ခံအမျိုးသမီး(MNA)
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မတ်လ ၃ ရက် ည ၉ နာရီအချိန်ခန့်တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်သတ်ခံသေဆုံးပြီး ၄င်းနှင့်အတူ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။
injury man
ဒဏ်ရာရရှိသူ စောလှမင်း(MNA)

သေဆုံးသူအမျိုးသမီး မနန်းဆိုင်ခမ်း အသက်(၄၀) နှစ်ခန့် လားရှိုးမြို့သူဟုသိရပြီး ဝဲဂျို​စောင်းမှ ယာလည်​ဂုတ်​ ​ဖောက်​ထွက်​ဒဏ်​ရာ ၁ ချက်​ဖြင်​့ ကရင်စုရပ်ကွက်ရှိ ရာဘာခြံတစ်ခြံတွင် လဲကျ​သေဆုံး​နေသည်ဟု အမည်မဖော်လိုသော ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

၄င်းနှင့်အတူ သေနတ်ထိမှန် ဒဏ်ရာရရှိသူ စောလှမင်​း အသက်(၂၈) နှစ်​ ပုဗ္ဗသီရိ မြို့နယ်​၊ ​နေပြည်​​တော်နေထိုင်သူဟုသိရပြီး ဝဲလက်မောင်းနှင့် ခြေသလုံးတွင် ဒဏ်ရာရရှိကာ ဘုရားသုံးဆူမြို့ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသည်။

သူက “သေနတ်ပစ်ခံထိတဲ့သူတို့နှစ်ယောက် ဘုရားသုံးဆူရောက်တာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်၊ ငွေကြေးကိစ္စ စကားများကြတယ်လို့ပဲ ပြောနေကြတယ်၊” ဟု ဆိုသည်။

ဘုရားသုံးဆူမြို့ ကရင်စုရပ်ကွက်ရှိ ရာဘာခြံတစ်ခြံတွင် အခင်းဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်သူမှာ ဘုရားသုံးဆူမြို့၊ အမှတ် ၁ ရပ်ကွက်နေ လှအောင် ဆိုသူဖြစ်ကြောင်း သေနတ်ဒဏ်ရာရရှိသူ စောလှမင်း တဆင့်ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်ပွားသည့်အနီးတဝိုက်တွင် ၉ မီလီမီတာကျည်ခွံ တွေ့ရှိပြီး ရဲစခန်းက သိမ်းဆည်းလိုက်သည်ဟု အဆိုပါဘုရားသုံးဆူမြို့ခံက ဆိုသည်။

သေနတ်​ဖြင်​့ပစ်​ခတ်​သူ လှ​အောင်​အား ဘုရားသုံးဆူ နယ်​်​​မြေရဲစခန်​း(ပ ၅/၂၀၁၆)  ပုဒ်​မ ၃၀၂ အရ အမှုဖွင်​့လှစ်​ထားကြောင်း ရဲဝန်ထမ်းတစ်ဦးထံမှ သိရသည်။

ယခုဖြစ်ပေါ်ခဲ့သောလူသတ်မှုသည် ၂၀၁၅ ခုနှစ်အတွင်း ဘုရားသုံးဆူမြို့တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့သော လူသတ်မှုဖြစ်သည်။

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...