အဆိုပါ မော်တော်ယာဉ်ကို ကျိုက္ခမီ နယ်မြေရဲစခန်းမှ လိုက်လံဖမ်းဆီးခဲ့ရာ သံဖြူဇရပ်မြို့နယ်၊ ကွမ်သတ် ကျေးရွာ အဝင်လမ်းတွင် တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း အဆိုပါ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ယာဉ်မောင်း ဦးခင်မောင်မြင့်အား ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်၏ အနောက်ခန်း ညာဘက် ထိုင်ခုံအောက်တွင် သိုဝှက်ထားသော ပွိုင့် (၃၂) ဘို့လ်ဆုံလည်အမျိုးအစား သေနတ်ကိုယ်ထည်အမှတ် 13L 57534၊ သေနတ်ဒင်ဖိုက်ဘာကိုယ်ထည်တွင် WG တံဆိပ်ပါ ကျည်ဆံ ခြောက်တောင့်ထည့်ထားသည့် ခြောက်လုံးပြူး သေနတ် တစ်လက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ တရားဝင်လိုင်စင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရှိပဲ လက်နက်ကိုင်ဆောင်သူ ဦးခင်မောင်မြင့်အား ကျိုက္ခမီနယ်မြေရဲစခန်းမှ (ပ) ၂၂ /၂၀၁၆၊ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ) အရ အရေးယူ ဆောင်ရွက်ထားကြောင်း ယင်းရဲစခန်းမှ သိရသည်။



