၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့

၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ဒေါ်အောင်ဆန်းစုကြည် သဝဏ်လွှာပေးပို့
၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သဝဏ်လွှာပေးပို့ထားပြီးဖြစ်ကြောင်း မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးကော်မတီထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ဗဟိုအဆင့် အခမ်းအနားတွင် ဖတ်ကြားသွားမည်ဖြစ်ပြီး မြို့နယ် အဆင့်၊ ကျေးရွာအဆင့် မွန်အမျိုးသားနေ့ အခမ်းအနားများတွင်လည်း ယင်းသဝဏ်လွှာကို ဖတ်ကြားလိုပါက အွန်လိုင်းမှတဆင့် ရယူအသုံးပြုနိုင်ကြောင်း ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်ပရေးကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်တလညီကပြောသည်။

Paper
ဒေါ်အောင်ဆန်းစုကြည်၏သဝဏ်လွှာမိတ္တူ
(Facebook)

“လောလောဆယ် ကျွန်တော်တို့ကျင်ပရေးကော်မတီထံမှာ ဒေါ်စုရဲ့သဝဏ်လွှာက အရင်ဦးဆုံးရောက်လာတာပါ၊ နောက် နိုင်ငံတော်သမ္မတကနေလည်း သဝဏ်လွှာပို့လာဖို့ရှိတယ်လို့ ပြောထားတယ်၊ ဒီသဝဏ်လွှာတွေကို ကျွန်တော်တို့တောင်းထားတာက ဗဟိုအတွက်ပေါ့၊ ဒါပေမယ့် ဒီအပြင်က တစ်ခြား မွန်အမျိုးသားနေ့ အခမ်း အနားတွေမှာ ဖတ်ကြားချင်ရင်လည်း ဖတ်ကြားနိုင်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်တွေကို လေ့လာကြည့်တဲ့အခါ တတိယအချက်မှာ ခိုင်မာသော ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်သွားရန်နှင့် တိုင်းရင်းသားများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို အမခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ရေးအတွက် ကြိုးပမ်းဖော်ဆောင်သွားဖို့ ရည်ရွယ်တယ်လို့ ပါရှိပါတယ်ဟု ဒေါ်အောင်ဆန်းစုကြည် ပေးပို့လာ သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

အခုလိုတိုင်းပြည်ရဲ့ အရေးကြီးတဲ့ အသွင်ကူးပြောင်းရေးကာလမှာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ပြည်ထောင်စု သားတွေ ရည်ရွယ်ချက်ထားတာ အားရကျေးနပ်စရာပဲ ဖြစ်ပါတယ်ဟုလည်း ဒေါ်အောင် ဆန်းစုကြည်က ယင်းသဝဏ်လွှာတွင် ပြောကြားထားသည်။

(၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုကျင်းပရေးကော်မတီဝင်များအနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ထံ သဝဏ်လွှာပို့ပေးရန် ဖေဖော်ဝါရီ (၉) ရက်နေ့က စာပို့တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါကော််မတီ မှ တာဝန်ရှိသူများ ကဆိုသည်။

လာမည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကျရောက်မည့် (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကလော့ကျေးရွာတွင် ကျင်းပမည် ဖြစ်သည်။

Most read this week

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...