လူမျိုးပေါင်းစုံ ပြည့်သူ့လွတ်မြောက်ရေးအဖွဲ့ ဥက္ကဌ ခွန်သိန်းရွှေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေး အဖွဲ့အစည်းအသီးမှ သဝဏ်လွှာများ ဖတ်ကြားခဲ့ကြောင်း၊ ယင်း အခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည့်သူ့လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်တွင် ကျင်းပသွားမည်ဖြစ်သည်။
"ကျွန်တော်တို့ အနေနဲ့ ဒီ စနစ်ဆိုး ကြီးကို မကုန်မခမ်းသရွေ့ ကို ကျွန်တော်တို့ (ရလလဖ) အဖွဲ့ အနေနဲ့ ရှမ်းပြည် ပဒေသရာဇ် ဆန့်ကျင်တော်လှန်ရေးနေ့ ကို ဆက်လက် ကျင်ပရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ (NCA)လက်မှတ်ရေးထိုးထားတာ အဖွဲ့(၈)ဖွဲ့ပဲ ရှိပါတယ်။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ အပြည့်အဝ ယုံကြည်လို့ မရပါဘူး။ ယခုလက်ရှိ အစိုးရ လက်သစ် လက်ထဲသို့ မရောက်သေးတော့ ဘာကိုမှ ပြောလို့မရသေးပါဘူး။ ခုမြန်မာနိုင်ငံ နိုဝင်ဘာ ၈ ရက်နေ့မှ ကျင်ပတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှ အမျိုးသားဒီမိုကရေစီ ပါတီမှ အာဏာ ရလာမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့တွေ ပြည်သူတွေ လက်ကို အာဏာရလာဖို့ကိုလည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်"ဟု ရှမ်းပြည်လူမျိုးပေါင်းစုံးပြည်သူ လွတ်မြောက်ရေးအဖွဲ့မှ ဗဟို ကော်မတီဝင် ဗိုလ်မှူးကျော်သူက ပြောသည်။
"ရွှေဝါရောင် ကိုယ်တော်များအနေဖြင့် ပဒေသရာဇ် ဆန့်ကျင်ရေးပွဲကို တတ်ရောက်ရတာ မြန်မာနိုင်ငံ အတွင်းမှာ ရှိနေတဲ့ တိုင်ရင်းသားများ၏ ပဋိက္ခတွေ တိုင်းပြည်တွင်ဖြစ်ပေါ်နေသော စစ်ပွဲများအား မှန်ကန်စွာ ဖြေရှင်းဖို့ ဆွေးနွေးအဖြေ ရှာကြဖို့ပါ"ဟု ရွှေဝါရောင်သံဃာ ဦးစန္ဒာသီရိက မိန့်သည်။
အဆိုပါအခမ်းအနားတွင် ရှမ်းပြည် ပဒေသရဇ်စနစ် ဆန့်ကျင်တော်ရေးနေ့ ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်၍ ပဒေသရာဇ်စနစ်ဆို သည်မှာ ပဒေသရာဇာမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း ပြည်သူများအား ဒုက္ခများစွာ ဖိနှိပ်သည့် စနစ်ဖြစ်ကြောင်း အထူးသဖြင့် ရှမ်းနှင့် ပအိုင်းများကို သွေးကွဲအောင် လုပ်ဆောင်ခြင်းများကြောင့် ဒေသတွင်း ခေါင်းဆောင်များက မခံမရပ်နိုင်ဖြစ်ကာ ၁၉၄၉ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့တွင် တော်လှန်ခဲ့ကြကို အစွဲပြုသတ်မှတ်ခြင်းဖြစ်သည်။
၆၆ နှစ်မြောက်ရှမ်းပြည် ပဒေသရာဇ်ဆန့်ကျင်ရေးနေ့ သည် ဒီဇင်ဘာလ ၁၁ ရက်တွင် ကျရောက်မည် ဖြစ်ပြီး ယင်း အခမ်းအနားသို့ လက်နက်ကိုင်အဖွဲ့အစည်းများ နိုင်ငံရေးအင်အားစုများ ဒေသခံပြည်သူများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။







