ဥက္ကဌအဖြစ် မွန်ပြည်သစ်ပါတီမှ နုုိင်ဟံသာ၊ အတွင်းရေးမှူးအဖြစ် ကရင်နီအမျိုးသား တုုိးတက်ရေး ပါတီမှ ခူဦးရယ် တုုိ့ အပါအဝင် ၉ ဦး ကော်မတီကို ငြိမ်းချမ်းရေးနှင့် နုုိင်ငံရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်ရန် ဖွဲ့စည်းရခြင်းဖြစ်သည်ဟုု ဥက္ကဌ နုုိင်ဟံသာက မဇ္စျိမသို့ ပြောသည်။
တက်လာမည့် အစုုိးရသစ်နှင့် နုုိင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာရေးအတွက် တစ်နုုိင်ငံလုံုး အပစ်အခတ်ရပ်စဲရေး၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ၊ နှစ်ဖက်တပ်များ လုုိက်နာရမည့် စည်းမျဉ်းများ၊ နုုိင်ငံရေးဆွေးနွေးပွဲဆုုိင်ရာ မူဘောင်ညှိနှိုင်းရေးနှင့် အခြား မဟာမိတ်အဖွဲ့အစည်းများနှင့် ဆက်လက် ညှိနှိုင်းနုုိင်ရေးအတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟုု ဆိုသည်။
နုုိင်ဟံသာက “ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကအားဖြင့် နုုိင်ငံရေးဆွေးနွေးပွဲကြီး ဖြစ်ပေါ်လာဖုုိ့ အတွက် ပြင်ဆင်ရေး အပုုိင်းမှာ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်ဆုုိင်းရေး၊ ဂျေအမ်စီ၊ စီအုုိစီတုုိ့မှာ ညှိနှိုင်းဖုုိ့၊ မူဘောင်ညှိတဲ့ ကိစ္စတွေမှာ လုုိအပ်မယ်ဆုုိရင် တခြားမဟာမိတ်အဖွဲ့တွေနဲ့ ညှိနှိုင်းသွားဖိုု့ ဆုုိတဲ့ကိစ္စတွေ အပါအဝင် ဖြစ်တယ်”ဟုု ပြောသည်။
'နိုုင်ငံရေးဆုုိင်ရာ ညှိနှိုင်းဖြေရှင်းရေး ကော်မတီ' ကုုိ UNFC အဖွဲ့ဝင်တုုိင်းမှ တစ်ဦးစီ ပါဝင်သည်။ တခြား တိုင်းရင်းသား လက်နက်ကုုိင်အဖွဲ့အစည်းများလည်း ပါဝင်လာနုုိင်ရန် တံခါးဖွင့်ထားသည်ဟု နုုိင်ဟံသာက ပြောသည်။
“အရင်က NCCT အနေနဲ့၊ SD အနေနဲ့ ဆွေးနွေးခဲ့တယ်။ NCCT မှာလည်း ကွဲသွားပြီဆုုိတဲ့ သဘော ပေါ့နော်။ ဟုုိဘက်မှာလည်း တချို့ပါသွားတယ်။ ဒီဘက်မှာလည်း တချို့ကျန်နေတယ်။ SD ဆုုိတာလည်း ဆွေးနွေးပြီး ဖျက်သိမ်းလုုိက်ပြီ။ NCCT အနေနဲ့လည်း မသုံုးသင့်တော့ဘူး။ ဒါကြောင့် ကျန်နေတဲ့အဖွဲ့တွေကိုုဘဲ ကုုိယ်စားပြုပြီးတော့မှ ဆက်လက် ဆွေးနွေး သွားနုုိင်ဖုုိ့ အဖွဲ့အသစ်ကုုိ ဖွဲ့ခြင်းရခြင်းဖြစ်တယ်”ဟုု သူက ပြောသည်။
ထုုိ့အပြင် UNFC အနေဖြင့် ငြိမ်းချမ်းရေးဆက်လက် အကောင်အထည်ဖော်ရန် အပါအဝင် ရှေ့လုုပ်ငန်းစဉ် ၅ ချက်ကုုိ ချမှတ်ခဲ့ပြီး၊ UNFC မှ ဌာန ၆ ခုု၏ လုုပ်ငန်းစဉ်များကုုိလည်း ဆွေးနွေးညှိနှိုင်းခဲ့သည်ဟုု သိရသည်။
ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် ဒီဇင်ဘာ ရ ရက်မှ ၁၀ ရက်နေ့အထိ လေးရက်ကြာ ကျင်းပနေသော UNFC မျက်နှာစုံုညီ အစည်းအဝေးတွင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပအုုိဝ့်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)တုုိ့ကုုိ အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆုုိင်းကြောင်းလည်း ဆုံုးဖြတ်ခဲ့ကြသည်။
ယာယီရပ်ဆုုိင်းလိုက်သည့် အဖွဲ့နှစ်ဖွဲ့မှ တာဝန်ယူခဲ့သော UNFC တွဲဘက်အတွင်းရေးမှူး (၁) နေရာ အတွက် ရခုုိင်အမျိုးသားကောင်စီ (ANC) မှ ဦးထွန်းဇော် နှင့် တွဲဘက်အတွင်းရေးမှူး (၂) နေရာ အတွက် တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PSLF) မှ တာဘန်လတို့ကို အသီးသီး ရွေးကောက်တင်မြှောက်ခဲ့သည်။







