ဖားကန့် မြေပြိုမှုတွင် သေဆုံးသူ ၁၀၀ ကျော်အတွက် ကုမ္ပဏီတစ်ခု ဆွမ်းသွတ်ကူညီ

ဖားကန့် မြေပြိုမှုတွင် သေဆုံးသူ ၁၀၀ ကျော်အတွက် ကုမ္ပဏီတစ်ခု ဆွမ်းသွတ်ကူညီ
by -
မဇ္ဈိမ
ဖားကန့်မြို့နယ် အတွင်းဖြစ်ပွားခဲ့သော ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းမှ စွန်ပစ်မြေစာပုံပြို ကျမှုအတွင်း သေဆုံးသူများအား ကျန်ရစ်သူမိသားစုအနေဖြင့် တစ်သုံးလုံး ကုမ္ပဏီမှ နိုဝင်ဘာ ၂၇ ရက်နေ့တွင် ရက်လည်ဆွမ်းသွပ် အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း လုံးခင်း နယ်မြေရဲစခန်းမှ သိရသည်။

"အလောင်း ရှာတာတွေတော့ ရပ်လိုက်ပါပြီ။ ဗုဒ္ဓဘာသာ အယူအရ သေဆုံးသွားသူတွေကို ရည်စူးပြီးတော့ မနက်ဖြန်တော့ ကျန်ရစ်သူမိသားစုအနေနဲ့ ကုမ္ပဏီက ရက်လည် ဆွမ်းသွတ်ပေး မယ်လို့ သတင်းရပါတယ်"ဟု လုံးခင်းရဲစခန်းမှ ဒုရဲအုပ်မိုးလွင်က ပြောသည်။

အဆိုပါ မြေစာပုံပြိုကျမှုမှာ နိုဝင်ဘာ ၂၁ ရက်နေ့၊ နံနက် (၃)နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၁ ရက်နေ့တွင် (၇၉)လောင်း၊ ၂၂ ရက်နေ့တွင် (၂၆)လောင်း၊ ၂၃ ရက်နေ့တွင် (၈) လောင်း၊ ၂၄ရက်နေ့ တွင် (၂)လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

သေဆုံးသူ အလောင်းရှာဖွေရေးကို ဒေသခံအာဏာပိုင်များနှင့် အဆိုပါ နယ်မြေရှိ စကခ(၇) လက်အောက်ခံ တပ်သားများ၊ ကျောက်စိမ်းတူး ဖေါ်ရေးလုပ်ငန်းရှင်များနှင့် ဒေသခံများက ဆောင်ရွက်နေခြင်း ဖြစ်သည်။

"အလောင်းကတော့ (၁၁၅)လောင်း တွေ့တယ်ပေါ့နော်။ ကျန်တဲ့ ခြေတွေ လက်တွေပဲ တွေ့တာတို့ ကတော့ ထည့်မတွက်ဘူးပေါ့။ မနက်ဖန်ကို ရက်လည် ဆွမ်းသွပ်တရားနာမယ်။ ပရိတ်တွေဘာတွေ ရွတ်မယ်လို့တော့ ကြားတယ်။ ကုမ္ပဏီဘက်က လုပ်ပေးမယ်ပေါ့။ မဏ္ဍပ်တွေ ဘာတွေ ဆောက်နေပြီလို့တော့ ကြားတာပဲ"ဟု ဖားကန့်ဒေသခံ ဦးရွှေသိန်းက ပြောသည်။

အဆိုပါ စွန့်ပစ်မြေစာတွေကို လျမ်ရှန်းေ(တစ်သုံးလုံး) ကုမ္ပဏီက လာရောက်ပုံသွားခြင်းဖြစ်ပြီး ယင်းကုမ္ပဏီမှာ တရုတ်ကုမ္ပဏီ တစ်ခု ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံးခင်းနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၁၅ဖြင့် စိစစ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...