တိုင်းပြည်အတွက် ကျရာကဏ္ဍက ကူညီမည်ဟု ဖိုးလပြည့်ပြော

တိုင်းပြည်အတွက် ကျရာကဏ္ဍက ကူညီမည်ဟု ဖိုးလပြည့်ပြော
by -
မဇ္ဈိမ
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်တို့ တွေ့ဆုံမှုတွင် ဒေါ်အောင်ဆန်းစုကြည်က သူ့အပေါ်တွင် နွေးနွေးစွာ ဆက်ဆံခဲ့သည်ဟုဆိုကာ တိုင်းပြည်အတွက် ကူညီမည်ဟု ဖိုးလပြည့်က ဆိုသည်။

“ကျွန်တော် ထပ်ပြီးဝေ့လည်ကြောင်ပတ် မလုပ်ချင်တော့ပါဘူး။ အန်တီ ကျွန်တော့်ကို တွေ့တုန်းက နွေးထွေးရင်းနှီးစွာ ဆက်ဆံခဲ့တဲ့အပေါ်လည်း အများကြီး ဝမ်းသာမိပါတယ်။ တိုင်းပြည်အကျိုးအတွက် ကျရာကဏ္ဍကလည်း ကူညီဆောင်ရွက်ပါ့မယ်။ ပြည်သူများလည်းဒီသတင်းကြောင့် ဝမ်းသာ လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ဖိုးလပြည့်က သူ၏ လူမှုကွန်ယက် ဖေ့ဘုတ်စ် စာမျက်နှာတွင် နိုဝင်ဘာ ၂၆ ရက်၊ နေ့လည်ပိုင်းက ရေးသားသည်။

သူ၏ လူမှုကွန်ယက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်ကြောင်းလည်း ဆိုထားခဲ့သည်။

ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်နှင့် တွေ့ဆုံခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်သည့် အာရှအသံ (မြန်မာပိုင်း) သို့ အတည်ပြုပြောခဲ့ပြီး “ဟုတ်ပါတယ်”ဟု အဖြေပေးခဲ့သည်။ သို့သော် မည်သည့်အတွက်ကြောင့် တွေ့ခဲ့သည် မည်သည့်အကြောင်းအရာများ ပြောဆိုခဲ့သည်ကိုမူ ပြောဆိုခြင်းမရှိပါ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နိုဝင်ဘာ ၈ ရက်နေ့၊ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရပြီးနောက် နိုင်ငံတကာမှ ဂုဏ်ယူကြောင်း ထုတ်ဖေါ်ပြောဆိုမှုများ ရှိခဲ့သည်။

အလားတူ နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ နိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမှုများ ပြုလုပ်ခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်တွင်လည်း အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့သေးသည်။ အဆိုပါ တွေ့ဆုံမှုအတွက် ဒေါ်အောင်ဆန်းစုကြည်က “အားလုံးကတော့ တိုင်းပြည်အတွက် ဝမ်းသာကြတာပေါ့၊ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သွားတော့မယ်ဆိုတာကို ဒီမိုကရေစီကို လိုလားတဲ့ ပုဂ္ဂိုလ်တွေအားလုံးက လိုလားကြပါတယ်”ဟု ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏မြေး ဖိုးလပြည့် ခေါ် ကိုနေရွှေသွေးအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့သည်ဟု ယုံကြည်ရသည့် နိုဝင်ဘာ ၁၉ ရက်နေ့၊ ညတွင် ကိုနေရွှေသွေးအောင်က သူ၏ လူမှုကွန်ရက် ဖေ့ဘုတ်စ်တွင် “ဒီနေ့ည သမိုင်တွင်မယ့် ညတစ်ည”ဟု ရေးသားထားခဲ့သည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...