ဗဟိုဘဏ်မှအထိမ်းအမှတ် ငွေဒင်္ဂါးပြားထုတ်သည်အပေါ် ပြန်သုံးသပ်ရန် လွှတ်တော်တွင် အစီအရင်ခံ

ဗဟိုဘဏ်မှအထိမ်းအမှတ် ငွေဒင်္ဂါးပြားထုတ်သည်အပေါ် ပြန်သုံးသပ်ရန် လွှတ်တော်တွင် အစီအရင်ခံ
by -
မဇ္ဈိမ
ပြည်ထောင်စုလွှတ်တော်၏ ပြည်သူ့ငွေစာရင်းပူးပေါင်းမှုကော်မတီက မြန်မာနိုင်ငံဗဟိုဘဏ်မှ အထိမ်းအမှတ်ငွေဒင်္ဂါးပြားထုတ်ခြင်း သည် ဥပဒေနှင့်ညီညွှတ်မှု ရှိမရှိ သုံးသပ်ရမည့်အချက် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ အစီအရင်ခံခဲ့သည်။

12196055 913183722107849 2362558970874270142 n“ဗဟိုဘဏ်က ဒင်္ဂါထုတ်ခွင့် ရှိသော်လည်းပဲ ဒီဗဟိုဘဏ်၏ ဥပဒေအဆိုရင်တော့ တရားဝင် လည်ပတ်တဲ့ ငွေတွေကိုပဲ ထုတ်ခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးဥပဒေမှာ ရေးထားတာကို တွေ့ရပါတယ်။ ဒီအထိမ်းအမှတ်ဒင်္ဂါးပြားတွေ ထုတ်တယ်ဆိုတဲ့ ဥစ္စာဟာ ကျွန်တော်တို့ ဥပဒေနှင့် ညီညွှတ်ရဲ့လား။ တရားဝင်သုံးလို့ ရတဲ့ ငွေကိုပဲ ထုတ်ခွင့်ရှိသလား၊ အထိမ်းအမှတ်ကိုလည်း ဗဟိုဘဏ်အနေနှင့် ထုတ်လို့ရသလား ဆိုတာဟာ သုံးသပ်ရမယ့်အချက် ဖြစ်တယ်ဆိုတဲ့ ဒီဟာလေးတစ်ခုကို ကျွန်တော်တို့ တွေ့ရှိရပါတယ်”ဟု ပြည်သူ ငွေစာရင်းပူးပေါင်းမှုကော်မတီမှ နိုဝင်ဘာ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အစီအရင်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ယူဆောင်ရွက်ခဲ့သည့် သက်တမ်းအထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ပထမအပတ်တွင် ငွေဒင်္ဂါးများကို ထုတ်ဝေခဲ့ပြီး ငွေစင် ငွေသား ၉၂ ဒသမ ၅ဝ ရာခိုင်နှုန်းဖြင့် သွန်းလုပ်ထားပြီး အလေးချိန် ၂ဝ ဂရမ်နှင့် အချင်း ၂၅ မီလီမီတာ ရှိသည်။

ငွေဒင်္ဂါး၏ အရှေ့ဘက်တွင် နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ရိုက်နှိပ်ထားပြီး အထိမ်းအမှတ် တံဆိပ် အောက်တွင် ၅ဝဝဝ ကျပ်နှင့် ထုတ်လုပ်သည့်နှစ် ၂ဝ၁၅ ဟု ပါရှိသည်။

အဆိုပါ ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့် သွန်းလုပ်ခြင်းဖြစ်ပြီး ငွေဒင်္ဂါးတစ်ပြားကို ငွေကျပ် ၃ဝဝဝဝ ကျပ်နှုန်းဖြင့် မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း အရောင်းဆိုင်များတွင် ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...