စစ်စခန်းတွေ သိမ်းပိုက်ခံရအကြောင်း တရုတ်နဲ့ ကုလသမဂ္ဂ တို့ထံ KIA စာပို့

စစ်စခန်းတွေ သိမ်းပိုက်ခံရအကြောင်း တရုတ်နဲ့ ကုလသမဂ္ဂ တို့ထံ KIA စာပို့
by -
မဇ္ဈိမ
တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်သည် မိုးညှင်းတိုက်ပွဲကြောင့်ဟုယူဆကာ ကချင်လွတ်မြောက်ရေး အဖွဲ့ KIA ၏ စစ်စခန်းများသိမ်းပိုက်ခံရခြင်း၊ ပဋိပက္ခ စတင်ဖြစ်ပွားရခြင်းအကြောင်းကို တရုတ်နှင့် ကုလသမဂ္ဂတို့ထံ အသိပေးထားသည်ဟု ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်၊ လမိုင်းဂွန်ဂျာက နိုဝင်ဘာ ၂၄ရက်နေ့တွင် မဇ္ဈိမသို့ ပြောသည်။

KIA က မြန်မာငြိမ်းချမ်းရေးအတွက် လေ့လာစောင့်ကြည်သူ တရုတ်ကိုယ်စားလှယ် မစ္စတာ မက်ဆင် ကရိုဆင်း နှင့် ကုလအတွင်းရေးမှူးချုပ် ဘန်ကီးမွန်း၏ အထူးကိုယ်စားလှယ် မစ္စတာဗီဂျေနမ်းဘီးယား တို့ထံသို့ နိုဝင်ဘာ ၂၀ရက်နေ့က တိုက်ရိုက်စာပေးပို့ အသိပေးခဲ့ခြင်းဖြစ်သည်။

"စာထဲမှာ၊ KIA စခန်းတွေကို တပ်ကသိမ်းတဲ့အကြောင်းရက်စွဲ၊ အချိန်အတိအကျရေးထားတယ်။ တိုက်ပွဲဖြစ်ရတဲ့ အကြောင်းကိုလည်း အတိအကျဖော်ပြထားတယ်။ တိုက်ပွဲတွေဘာလို့ ဖြစ်တာလဲ သိအောင်၊ အကြောင်းပြန်မပြန်တော့ မသိရဘူး။ KIO ကိုလည်း တိုက်ရိုက်ပြန်ပြောနိုင်တယ်။ ကျွန်တော်တို့ဆီ မိတ္တူပို့လို့ သိရတာ"ဟု လမိုင်းဂွန်ဂျာက ပြောသည်။

နိုဝင်ဘာ ၁၅ရက်မှစတင်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်များ၊ သိမ်းပိုက်ခံရသည့် စခန်းအခြေအနေဖြစ်စဉ်များ၊ တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးခဲ့ရသူ ဒေသခံဦးရေစသည့် အကြောင်းအရာများ ထည့်သွင်း ရေးသားထားသည့် စာမိတ္တူကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်ဖော်ဆောင်ရေးကော်မတီ၊ ကချင်ပြည်နယ် ပဋိပက္ခလျော့ချရေးညှိနှိုင်းကော်မတီတို့ထံ ပေးပို့ခဲ့သည်ဟု ၎င်းက ဆိုသည်။

KIA နှင့် အစိုးရတပ်တို့အကြား နိုဝင်ဘာ ၁၅ရက်မှ ၁၉ရက်ထိ၊ ထိတွေ့တိုက်ခိုက်မှု ၉ကြိမ် ဖြစ်ပေါ်ခဲ့ကာ KIA ဖက်မှ မိုးညှင်းမြို့နယ်အတွင်းရှိ ပျော်လင့်စခန်း ပွိုင့် ၉၂၈၊ KH 384336 အပါအဝင် တပ်စခန်း ၃ခုကို တပ်မတော်က သိမ်းပိုက်ခဲ့သည်ဟု KIA မှ သိရသည်။

နိုဝင်ဘာ ၁၅ရက်၊ နေ့လည် ၁၂နာရီ ၁၀ မိနစ်အချိန်၊ မိုးညှင်းမြို့ပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးနှင့် လုံခြံုရေးဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းသည် မိုးညှင်းမြို့အရှေ့တောင်ဖက်၊ ၃မိုင်ခန့်အကွာ ပွိုင့် ၉၂၈ တောင်ကုန်းအားရှင်းလင်းရာ ၎င်းနေရာတွင် အခြေပြုနေသော KIA အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သတင်းမှန်ပြန်ကြားရေးအဖွဲ့က နိုဝင်ဘာ ၁၇ရက်နေ့တွင် နောက်ဆုံးသတင်း ထုတ်ပြန်ထားသည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...