အစာငတ်ခံ ဆန္ဒပြခဲ့သည့် ဗကသ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုဖြိုးဓန သိန်း ၅၀ ဖြင့် အာမခံရ

အစာငတ်ခံ ဆန္ဒပြခဲ့သည့် ဗကသ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုဖြိုးဓန သိန်း ၅၀ ဖြင့် အာမခံရ
by -
မဇ္ဈိမ
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဆန္ဒပြရာတွင် ပါ၀င်ခဲ့သည့်အတွက် ဖမ်းဆီးထိမ်းသိမ်းခြင်း ခံရကာ အမှုရင်ဆိုင်နေရသည့် ဗကသ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုဖြိုးဓနအား သာယာဝတီမြို့နယ် တရားရုံးမှ နိုဝင်ဘာ ၂၄ ရက်နေ့တွင် အာမခံပေးလိုက်သည်။

နိုဝင်ဘာ ၂၄ ရက်နေ့က သာယာဝတီတရားရုံ၌ ရုံးထုတ်စဉ် အချုပ်လွတ် ထုချေခွင့် အာမခံ လျှောက်တင်ရာ သာယာဝတီမြို့နယ် တရားသူကြီးက အာမခံပေးကြောင်း အမိန့်ချခဲ့ခြင်းဖြစ်သည်။

"သူက အစာအိမ်ရောဂါဖြစ်တယ်။ အစာငတ်ခံဆန္ဒပြတော့ အစာအိမ်ကို သွားထိတယ်။ အစာအိမ် သွားထိတော့ အစာအိမ်ရောဂါနဲ့ ဆေးရုံတင် လိုက်ရတယယ်။ အဲတော့ ဆရာဝန်ကြီးကနေ သူ့ကို အစာအိမ် ရောဂါရှိတယ်ဆိုတဲ့ ထောက်ခံချက် ရေးပေးတယ်။ အဲဒီထောက်ခံချက်နဲ့ ဒီနေ့ တရားရုံးမှာ အာမခံလျောက်ပါတယ်။ ရပါတယ် ခင်ဗျ"ဟု ရှေ့နေ ဦးလှမျိုးမြင့်က ပြောသည်။

သူ့ကို သိန်း(၅၀) အာမခံ နှစ်ဦးဖြင့် ယခုကဲ့သို့ အမိန့်ချခဲ့သော်လည်း လက်ရှိအချိန်ထိ အာမခံမည့်သူ မရရှိသေးကြောင်း သူက ဆက်လက်ပြောဆိုသည်။

ကိုဖြိုးဓနတွင် အစာအိမ်ရောဂါ ခံစားနေရကြောင်း ထောက်ခံချက်ကို ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးက လက်မှတ်ရေးထိုးပေးခဲ့ခြင်းဖြစ်ပြီး အမှုအား လွှတ်လပ်စွာ ရင်ဆိုင်ခွင့် ရရှိသွားမည် ဖြစ်သည်။

ကိုဖြိုးဓနသည် နိုဝင်ဘာ ၂ ရက်နေ့က စတင်ကာ သာယာဝတီထောင်အတွင်း၌ အစာငတ်ခံ ဆန္ဒပြခဲ့ပြီး ကျန်းမာရေး စိုးရိမ်ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပို့ဆောင် ဆေးကုသမှုခံယူခဲ့ရခြင်း ဖြစ်သည်။

April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...
April 7, 2026
ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် ခရိုနီ ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီ အပါအဝင် ကုမ္ပဏီ ၂၉၀ နီးပါးကို...