ဟားခါးပေါက်ကွဲမှု သံသယရှိသူတစ်ဦး ပေါက်ကွဲမှုအတွင်း သေဆုံးဟု ယူဆကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ပြော

ဟားခါးပေါက်ကွဲမှု သံသယရှိသူတစ်ဦး ပေါက်ကွဲမှုအတွင်း သေဆုံးဟု ယူဆကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ပြော
by -
မဇ္ဈိမ
ချင်းပြည်နယ် ဟားခါးမြို့ စျေးသစ်ရပ် သီတာလမ်းရှိ နေအိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲမှုကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး လူ ရ ဦးဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုတွင် သံသယရှိသူတစ်ဦးမှာ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သည်ဟု ယူဆရကြောင်း ဟားခါးမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးနိုင်က မဇ္ဈိမသို့ ပြောသည်။

"ယမ်းနဲ့ ဆက်စပ်တဲ့ ပစ္စည်း ပေါက်ကွဲတာပါ။ လူ ၆ ဦး သေဆုံးပါတယ်။ ဒဏ်ရာရတဲ့ ရ ဦးကိုတော့ ဟားခါးမြို့နယ်ဆေးရုံးမှာ တင်ထားပါတယ်။ မြို့မရဲစခန်းမှာလည်း အမှုဖွင့်ထားပါတယ်။ ဒီပေါက် ကွဲမှုကြောင့် သံသယရှိသူတွေကို စုံစမ်းနေပါတယ်။

သံသယရှိသူ တစ်ယောက်ကတော့ ပေါက်ကွဲမှုမှာ သေဆုံးသွားတယ်လို့ ယူဆပါတယ်။ ကျန်တဲ့ သူတွေကိုမိဖို့ ပြန်စစ်ဆေးမှုတွေ လုပ်နေပါတယ်။ သေဆုံးသူတွေဟာ အရင်က ယမ်းလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့သူတွေ ဖြစ်တာကြောင့် ယမ်းလုပ်ငန်းနဲ့ ဆက်စပ်တဲ့ထဲက သူတွေကိုပဲ စုံစမ်းနေပါပြီ”ဟု ၎င်းက ပြောသည်။

နိုဝင်ဘာ ၂၂ ရက်နေ့၊ ည ၁၁ နာရီခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး ယင်းပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားသည့်နေအိမ် လုံးဝ ပျက်စီးသွားခဲ့ပြီး အနီးအနားက အိမ်အချို့ အနည်းငယ် ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ညက ၁၀ နာရီခွဲ ကျော်ကျော်လောက်မှာ အသံကို စကြားရတာပါ။ အသံကြားတဲ့နေရာကို ပြေးပြီး ကြည့်တော့ အဲဒီအိမ်က အကုန်ပျက်စီးနေပီ။ ကားကလည်း ပတ်လက်လန်နေတယ်။ ပေါက်ကွဲ မှုကြောင့် ကိုယ်ခန္ဒာ အစိတ်အပိုင်းတွေလည်း တွေ့ရတယ်။ နောက်တော့ ရဲမှူးကြီးနဲ့ တာဝန်ရှိသူတွေ ရောက်လာချိန်မှာတော့ အကုန်လုံးကို တားမြစ်လိုက်တယ်”ဟု အခင်းဖြစ်ပွားမှုကို မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးက ပြောသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...