ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီ စွန့်ပစ်မြေစာပြိုမှုကြောင့် သေဆုံးသူ ၉၇ဦး ရှိပြီ

ဖားကန့်တွင် ကျောက်စိမ်းကုမ္ပဏီ စွန့်ပစ်မြေစာပြိုမှုကြောင့် သေဆုံးသူ ၉၇ဦး ရှိပြီ
by -
မဇ္ဈိမ
ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ကျောက်စိမ်းကုမ္ဗဏီများ၏ စွန့်ပစ်မြေစာပြိုကျမှုတွင် နိုဝင်ဘာ ၂၂ ရက်နေ့၊ ညနေ ၅ နာရီချိန်ထိ သေဆုံးသူ ၉၇ လောင်းရှိသွားပြီဖြစ်ပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေသည်ဟု လုံးခင်းမြို့နယ် ရဲစခန်းမှ ဒုရဲအုပ်မိုးလွင်က ပြောသည်။

“လောလောဆယ် အခုချိန်ထိ စုစုပေါင်း ၉၇ လောင်း။ အကုန်လုံး အသက်ရှင်တာ မရှိဘူး။ အကုန်လုံး သေဆုံးလူတွေ ပါဘဲခင်ဗျာ။ ဖားကန့်ဆေးရုံမှာ ပေးပို့ထားပါတယ်။ ဆက်လက် ရှာဖွေနေဆဲပါ။ တဲအဆောက်အအုံတွေ အလုံး ၃၀ လောက် မြှုပ်မယ်လို့ ခန့်မှန်းတယ်”ဟု လုံးခင်းရဲစခန်းမှ ဒုရဲအုပ် မိုးလွင်က ပြောသည်။

ကုမ္ပဏီများ စွန့်ပစ်မြေစာပုံ အနီး ရေမဆေးရှာဖွေသူများ နေထိုင်သည့် တဲများ ပြိုကျခဲ့သဖြင့် ကျား ၉၅ ဦး မ ၂ ဦး ရှာဖွေတွေ့ရှိပြီ ဖြစ်ကြောင်း သူက မဇ္ဈိမသို့ ပြောသည်။

နိုဝင်ဘာ ၂၁ ရက်နေ့၊ မနက် ၃ နာရီချိန်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လမောင်ကျေးရွာ အနီး ကျောက်စိမ်းကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံ ပြိုကျခဲ့သဖြင့် ရေမဆေးရှာဖွေသူများ မြေမြှုပ်ခဲ့သလို၊ တဲအလုံးပေါင်း ၃၀ ကျော်ခန့် မြေမြှုပ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ဖားကန့်ကျောက်စိမ်းကုမ္ဗဏီများ စနစ်တကျ မြေစာတွန်ချခြင်း မရှိသဖြင့် မြေစာပုံများပြားလာရာမှ မြေပြိုမှု မကြာခဏ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ဒေသခံ ဦးလမောင်လတောင်က ပြောသည်။

ဖားကန့်တွင် ကျောက်စိမ်းကုမ္ဗဏီများ စွန့်ပစ်သော မြေစာပုံများ မကြာခဏ ပြိုကျမှုတွင် လူသေဆုံးမှု အများအပြားရှိသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...