ပထမဆုံး အကြိမ် မဲပေးခွင့်ရသည့် အတွက် ဂုဏ်ယူမိတယ် ဆိုသည့် လူရွှင်တော် စိန်သီး

ပထမဆုံး အကြိမ် မဲပေးခွင့်ရသည့် အတွက် ဂုဏ်ယူမိတယ် ဆိုသည့် လူရွှင်တော် စိန်သီး
by -
မဇ္ဈိမ
သီး ၄သီး အဖွဲ့မှ လူရွှင်တော် စိန်သီးသည် နိုဝင်ဘာ ၈ရက်တွင် သာကေတမြို့နယ် ၃ရပ်ကွက်တွင် သွားရောက် မဲပေးခဲ့ပြီး ၎င်းအတွက် ပထမဆုံးအကြိမ် မဲပေးခြင်းဖြစ်ကြောင်း ကိုစိန်သီးက မဇ္ဈိမကို ပြောသည်။

လူရွှင်တော် စိန်သီးသည် ၁၉၉၉ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ အသက် ၁၈နှစ် ပြည့်သော်လည်း တစ်လလိုသည် ဆိုသောကြောင့် မဲပေးခွင့် မရသလို ၂၀၁၀ ခုနှစ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲ တွင်လည်း ပြည်ပသို့ ရောက်ရှိ နေသည့် အတွက် မဲပေးခွင့် မရရှိ ခဲ့ပေ။

ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း ၎င်း နေထိုင်သည့် မြို့နယ်တွင် ကြိုက်နှစ်သက်သည့် ပါတီ မပါသည့် အတွက် မဲမပေးခဲ့တာကြောင့် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် ပထမဆုံး မဲထည့်ခြင်း ဖြစ်သည်။

လူရွှင်တော်စိန်သီးက "ကျွန်တော် ဒီနေ့အတွက် နိုင်ငံသား တစ်ယောက်အနေနဲ့ တာဝန်ကျေတယ်လို့ ခံစားရတယ်။ ဒီနေ့အတွက်လည်း ဂုဏ်ယူတယ်။ ကျွန်တော် အကြိုက်နှစ်သက်ဆုံး ပြည်သူတွေ နဲ့ တသားတည်း ဖြစ်မယ့်ပါတီကို မဲပေးခွင့် ရတဲ့အတွက် ပျော်တယ်" ဟု ပြောသည်။

မဲထည့်ပြီးချိန်တွင် လက်သန်း ထောင်ရင်း ပျော်ရွှင် ခဲ့ရသလို ညနေပိုင်းတွင်လည်း လက်မ ထောင်ပြီး ပျော်ခြင်းကြောင်း လူရွှင်တော် စိန်သီးက ထပ်လောင်းပြောသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...