ချင်းပြည်နယ်အတွင်း ငွေပေးမဲဆွယ်မှု အများအပြားရှိနေ

ချင်းပြည်နယ်အတွင်း ငွေပေးမဲဆွယ်မှု အများအပြားရှိနေ
by -
ချင်းဝောလ်
၂၀၁၅ အထွထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းများသည် ငွေပေး၍ ချင်းပြည်နယ်အတွင်းတွင် မဲဆွယ်စည်းရုံးမှုများ ရှိနေကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အောက်ချင်းလူမှုအဖွဲ့အစည်းမှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

ငွေပေးကာမဲဆွယ်မှုများပြားသည့် နေရာများမှာ ချင်းပြည်နယ်မင်းတပ်မြို့၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့ နှင့် ရခိုင်ပြည်နယ်အမ်း မြို့နယ်၌ တွေ့ရကြောင်း Hornbill အဖွဲ့မှ ညှိနှိုင်းရေးမှူး ဦးသိန်းသန်းအောင်က ပြောသည်။

အောက်တိုဘာ (၃၁) ရက်နေ့၊ ရန်ကုန်မြို့၊ ခဝဲခြံရှိ ရန်ကုန်မျက်မမြင်ကျောင်းတွင် သတင်းမီဒီယာများ နှင့် တွေ့ဆုံကာ အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများအားလုံးသည် မိမိတို့၏ နိုင်ငံရေးအမြင်များ၊ ပါတီလမ်းစဉ်များ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အမြင်များ အတားအဆီးမရှိလွှတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ခွင့်ရှိသည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်လောင်းများအား မဲဆွယ်စည်းရုံးခြင်း မပြုနိုင်အောင် တားဆီးပိတ်ပင်ခြင်း၊ သွယ်ဝိုက်တား မြစ်ခြင်းများမရှိဘဲ တန်းတူညီမျှမဲဆွယ်စည်းရုံးခဲ့သည်ကိုတွေ့ ရှိရခဲ့ကြောင်း အောက်ချင်းအဖွဲ့က ဆိုသည်။

သို့သော် ပါတီအချို့မှ ကိုယ်စားလှယ်လောင်းများသည် ငွေပေး၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း နေရာ(၆)နေရာတွင် တွေ့ရှိရ သည်ဟု Hornbill အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ငွေပေးစည်းရုံးမှု လေ့လာတွေ့ရှိချက်တွေမှာ အများဆုံး တစ်သောင်းအထိတွေ့ရပြီး အချို့နေရာတွင် ငါးထောင်၊ သုံးထောင်အပြင် မဲဆွယ်စည်းရုံးရေးလိုက်သည့်အခါ ဆိုင်ကယ်ဆီဖိုးဆိုကာ ထပ်မံပေးခြင်းများ ရှိကြောင်း သိရသည်။

ချင်းပြည်နယ်တွင် (၉) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၆) မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် (၆)မြို့နယ်၊ ရခိုင်ပြည်နယ်တွ် (၆)မြို့နယ် စုစုပေါင်း ၂၇ မြို့နယ်တို့တွင် မဲဆွယ်စည်းရုံးရေးကာလ အတွင်း စက်တင်ဘာ (၁၈) ရက်မှ အောက်တိုဘာ ၂၈ ရက်နေ့အတွင်း စောင့်ကြည့်လေ့လာတွေ့ ရှိချက်အရ အစီရင်ခံထားခြင်း ဖြစ်သည်။

ကျင့်ဝတ်လိုက်နာမှုစောင့်ကြည့်ရာတွင် ကိုယ်စားလှယ်လောင်းများသည် ပုဂိုလ်ရေး ပုတ်ခတ်ပြောဆိုမှု မရှိသော်လည်း လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြပြီး မဲဆွယ်စည်း ရုံးမှုများကို အချို့ဒေသများ တွင် တွေ့ရှိရကြောင်း သိရသည်။ အကြမ်းဖက်မှုမရှိသော်လည်း မဲဆန်္ဒနယ်တစ်ခုတွင် ပါတီကြီးတစ်ခု အား ထောက်ခံပေးရန် ဖိအားပေးခြင်းမျိုး ရှိကြောင်း တွေ့ရကြောင်း အောက်ချင်းအဖွဲ့ထံမှ သိရသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...