တပ်တွင်း မဲရုံများတွင် မဲပေးခြင်းထက် ရပ်ကွက်အတွင်း မဲရုံများတွင် မဲပေးခြင်းကို တပ်မတော်သား အချို့နှစ်သက်

တပ်တွင်း မဲရုံများတွင် မဲပေးခြင်းထက် ရပ်ကွက်အတွင်း မဲရုံများတွင် မဲပေးခြင်းကို တပ်မတော်သား အချို့နှစ်သက်
by -
ချင်းဝောလ်
ချင်းပြည်နယ်အတွင်းတွင် မဲပေးခွင့်ရှိသော တပ်မတော်သားများက တပ်တွင်း မဲရုံများတွင် မဲပေးခြင်းထက် ရပ်ကွက်အတွင်း မဲရုံများတွင် မဲပေးခြင်းကိုပိုပြီးနှစ်သက်ကြောင်း တပ်မတော်သား အချို့ထံမှ သိရသည်။

နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပြည်နယ်အတွင်း မဲပေးခွင့်ရှိသည့် တပ်မတော်သား မိသားစုဦးရေ (၂၀၀၀)၀န်းကျင် ရှိသည်။

“ကိုယ့်ဟာကိုယ် ဘယ်ပါတီ မဲထည့်ထည့် ဒါက ပြဿနာမဟုတ်ဘူး။ တပ်တွင်းမဲရုံ ထဲမှာမဲထည့်တဲ့ အခါကျတော့ ကိုယ်က ဘယ်ပါတီကို မဲထည့်ထည့် ပြင်ပကလူတွေကတော့ ဒီကောင်တွေကတော့ ပြည်ခိုင်ဖြိုးကိုပဲမဲ ထည့်ကြမှာပါလို့ ပုံသေတွက်ကြတော့မှာလေ”ဟု တပ်မတော်သားအရာရှိတစ်ဦးက ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော် တိုင်းစစ်ဌာန ချုပ်က အရာရှိနဲ့ တပ်မတော်သားတွေကို အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ဆုံအမှာစကား ပြောခဲ့ရာတွင် လာမယ့်ရွှေးကောက်ပွဲမဲပေးမှုနဲ့ ပတ်သက်ပြီး “စစ်တပ် အပေါ်စာနာသူ၊ အမျိုးဘာသာ ကို ကာကွယ်စောင့်ရှောက်သူ၊ ပြည်ပသြဇာခံ မဟုတ်သူတွေကိုသာ မဲပေးဖို့”ဟု ပြောဆို ညွှန်ကြားခဲ့ ကြောင်း သိရသည်။

“ကျွန်တော်တို့ကို အထက်ကနေ ဘယ်ပါတီကို မဲထည့်ပါလို့တော့ ညွှန်ကြားချက် မရှိဘူး။ ဒီမိုကရေစီ ခေတ်ဆိုတော့ ဘယ်ပါတီကို မဲထည့်ပါပြောလိုက်ရင် အဲဒီစကား ကမီဒီယာတွေမှာ ပါသွားရင် သွားပြီလေ။ ချက်ချင်းပြန့်သွားမှာ၊ ဒါကြောင့် စည်းဝေးပွဲတွေမှာ ပြောတာတော့ရှိတယ်။ တပ်မတော်နှင့် သဟဇာတဖြစ်မယ့် သူကိုပဲ မဲထည့်ဖို့ပြောတယ်”ဟု တပ်မတော်သားတစ်ဦးက ပြောသည်။

မတူပီမြို့တွင် ၂၀၁၀ ရွေးကောက်ပွဲက တပ်ပြင်ပတွင် နေထိုင်သူများကို မတူပီမြို့ ပေါ်မဲရုံတွင် သွားရောက်မဲပေးခွင့်ရှိပြီး ယခုနှစ်တွင်မှု တပ်တွင်းမဲရုံများတွင်သာ မဲပေးရမည်ဖြစ် ကြောင်းသိရသည်။

ချင်းပြည်နယ်တွင်တပ်မတော်သား အင်အားအများဆုံးရှိသောမတူပီမြို့တွင် တပ်ရင်း(၃)ရင်းရှိပြီး တပ်မတော်သားမဲပေး ပိုင်ခွင့်ရှိသူနှင့် ကြိုတင်မဲပေးမည့်ဦးရေ အများဆုံးဖြစ်သည့် မတူပီမြို့နယ်တွင် ဦးဇော်မင်းဦး (ဗိုလ်မှုးကြီးနယ်စပ်ရေးရာဝန်ကြီးအငြိမ်းစား)မှ ပြည်သူ့ လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...