လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပါတီများမှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စား လှယ်လောင်း(၂၅)ဦးအထိရှိ

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပါတီများမှ ရွေးကောက်ပွဲယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စား လှယ်လောင်း(၂၅)ဦးအထိရှိ
by -
ချင်းဝောလ်
လာမည့် ၂၀၁၅ နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ချင်းပါတီများမှ ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးကိုယ်စားလှယ်လောင်း (၂၅) ဦးရှိကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဒေါ်မတန်၊ ဖလမ်းမြို့နယ်ပြည်နယ်လွှတ် တော်မဲဆန္ဒနယ် အမှတ် (၁)တွင် ဒေါ်ဆွီထလွဲ၊ ပလက်ဝမြို့ပြည်နယ် လွှတ်တော်မဲ ဆန္ဒနယ် (၂)မှ ဒေါ်ဆာဆုစုစုပေါင်း (၃) ဦးရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ဒေါ်နီဆွီလျန်၊ တီးတိန်မြို့နယ် အမျိုးသားလွှတ်တော်မဲဆန်္ဒနယ်(၂)တွင် ဒေါ်ကျင် ဇဒိမ်၊ ကန်ပလက်မြို့နယ် အမျိုးသားလွှတ်တော်နေရာအတွက် ဒေါ်ခင်ရွှေလွင် စုစုပေါင်း (၃) ဦးဖြစ်သည်။

ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ ထန်တလန်မြို့နယ်မှ ပြည်သူ့လွှတ်တော် နေရာအတွက် ဒေါ်ဇာ တလဲမ်၊ ဖလမ်းမြို့နယ် အမျိုးသားလွှတ်တော်နေရာအတွက် ဒေါ်ချင်းချင်း ပက်ထန်၊ မင်းတပ်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွင် ဒေါ်လိုင်းကီး၊ ပလက်ဝမြို့ အမျိုးသားလွှတ်တော် မဲဆန်္ဒနယ် (၂) တွင် ဒေါ်စီလိနှင့် ပြည်နယ်လွှတ်တော်မဲဆန်္ဒနယ် (၁)တွင် ဒေါ်မော်နီကား စုစုပေါင်း (၄) ဦး ဖြစ်သည်။

ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဟားခါး မြို့အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁) တွင်ဒေါ်ဆွီဆုန်နှင့် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် (၁) နေရာအတွက် ဒေါ်ဆုန်ဇီးမန်၊ စုစုပေါင်း(၂)ဦးနှင့် တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီမှတီးတိန်မြို့ အမျိုးသားလွှတ် တော်(၂)တွင်ဒေါ်ဇိမ်ဒိုက်ညောင်နှင့် ရခိုင် ပြည်နယ် ချင်းတိုင်းရင်းသားရေးရာကိုယ်စား လှယ်လောင်း မိုင်စုစုလှိုင်တို့ဖြစ်သည်။

ချင်းတိုးတက်ရေးပါတီမှ ဖလမ်းမြို့ ပြည်သူ့လွှတ်တော်နေရာအတွက် ဒေါ်တွမ် ကျဲရ်ဆုန်၊ တွန်းဇန်မြို့ ပြည်သူ့လွှတ်တော်နေရာအတွက် ဒေါ်ဗုန်ဆွမ်ဒိမ်၊ မင်းတပ်မြို့ ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် (၁)တွင် ဒေါ် လိန်းစိမ်း၊ ပလက်ဝမြို့နယ် အမျိုးသားလွှတ် တော်မဲဆန်္ဒနယ်(၁)နေရာအတွက် ဒေါ်အောင် မဖြူနှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်း ဒေါ်ဝုန်လွန်းကျိန် စုစုပေါင်း (၅) ဦးရှိသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်မှ တီးတိန်မြို့ အမျိုးသားလွှတ်တော်မဲဆန်္ဒနယ်(၂) နေရာတွင် ဒေါ်ကျင်ဒို ညောင်၊ ပြည်နယ်လွှတ် တော် မဲ ဆန္ဒနယ် (၂) နေရာတွင် ဒေါ်ကမ်ခန်ဒိမ်၊ တွန်းဇန်မြို့ အမျိုးသား လွှတ်တော်နေရာတွင် ဒေါ်ကျင်ငိုက်မန်၊ စုစုပေါင်း (၃)ဦးနှင့် ဇိုတိုင်း ရင်းသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ တွန်းဇန် မြို့ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် (၂) နေရာအတွက် ဒေါ်ညောင်ခုပ်ကျင်တို့ ဖြစ်သည်။

၂၀၁၀ ခုနှစ်တွင် ချင်းပြည်နယ်မှ ယှဉ် ပြိုင်သည့်အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် (၂) ဦးရှိခဲ့ပြီး ချင်းအမျိုးသားဒီမိုကရက်တစ် ပါတီမှ ထန်တလန် ပြည်သူ့လွှတ်တော်နေရာတွင် ဒေါ်ဇာတလဲမ်တစ်ဦးသာ အနိုင်ရရှိခဲ့သည်။

ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် (၁၃) ပါတီမှ (၂၀၂) ဦး နှင့် တစ်သီးပုဂ်္ဂလ (၈) ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...