NLD အစိုးရဖွဲ့နိုင်လျှင် ငြိမ်းချမ်းရေးလမ်းစဉ် အပြောင်းအလဲနှင့် လတ်တလော ကြိုတင်မဲကိစ္စ

NLD အစိုးရဖွဲ့နိုင်လျှင် ငြိမ်းချမ်းရေးလမ်းစဉ် အပြောင်းအလဲနှင့် လတ်တလော ကြိုတင်မဲကိစ္စ
by -
မဇ္ဈိမ
NLD အနေဖြင့် ရွေးကောက်ပွဲမှတစ်ဆင့် အစိုးရဖွဲ့နိုင်ခဲ့လျှင် လက်ရှိအစိုးရ၏ ငြိမ်းချမ်းလမ်းစဉ်မှ လက်ခံသင့်သည်များကို လက်ခံပြီး ပြောင်းလိုသည့် အပိုင်းများလည်း ရှိနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၅ ရက် နေအိမ်ခြံဝင်းအတွင်း ပြုလုပ် သည့် သတင်းစာရှင်းပွဲတွင် ပြောကြားလိုက်သည်။

NLD က အစိုးရ ဖွဲ့နိုင်ခဲ့လျှင် လက်ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးဖြစ်စဉ်၌ NLD အနေဖြင့် မည်သည့် ငြိမ်းချမ်းရေးလမ်းစဉ်မျိုး ကိုင်ဆောင်မည်ကို မဇ္စျိမအား ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

"ကျမတို့က အရင်အစိုးရက လုပ်ခဲ့တဲ့ကိစ္စကို လက်မခံဘူးဆိုတဲ့ အဲဒီစိတ်ဓာတ်မျိုး မရှိပါဘူး။ အရင်တုန်းက သွားခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ လက်ခံသင့်တဲ့အပိုင်းတွေကို လက်ခံမှာပါ။ ပြောင်းချင်တဲ့အပိုင်းတွေကို ပြောင်းမှာပါ။ ကျမတို့က အရင်အစိုးရကနေ လုပ်ခဲ့တာမို့လို့ ကိုယ့်အစိုးရကျလို့ရှိရင် အားလုံးပြောင်းသွားမယ်ဆိုတာ ဒါမလိုအပ်တဲ့ အာဃာတ စိတ်ထားတွေပါ။ ဒီလိုစိတ်တွေ မရှိပါဘူး။ ငြိမ်းချမ်းရေးလည်း ဒီအတိုင်းပါဘဲ။ အကောင်းတွေကို ယူမယ်။ မကောင်းရင်ပြင်မယ် ပိုပြီးတော့ကောင်းအောင် ကျမတို့ကြိုးစားမယ်။"ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

လတ်တစ်လောဖြစ်ပေါ်နေသည့် မဲစာရင်းအပါအဝင် မှားယွင်းမှုများနှင့်ပါတ်သက်၍ အသေးစိတ် အတွက် စောင့်ကြည့်ဦးမည်ဟု ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်မူ ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ရွေးကောက်ပွဲများကို အေးဆေး တည်ငြိမ်ပြီး အောင်မြင်စေချင်သည်ဟု ပြောသည်။

ကြိုတင်မဲနှင့်ပတ်သက်၍မူ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားရာတွင် "ကြိုတင်မဲတွေနဲ့ပတ်သက်ရင် ၀င်လာတဲ့ သတင်းတွေကို ကြည့်တော့ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ အုပ်ချုပ် ရေးပိုင်းဆိုင်ရာနဲ့ ဒေသဆိုင်ရာပေါ့နော် ရွေးကောက် ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ သတင်းတွေကလည်း ၀င်လာပြီ။ သက်သေ အထောက်အထားတွေကလည်း လုံလောက်ပါတယ်။ ဒီကိစ္စတွေကို တတ်နိုင်သမျှ အမြန်ဆုံး ကိုင်တွယ်သွားချင်ပါတယ်။"ဟု ပြောဆိုသွားသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...