မတူပီမြို့နယ် အတွင်း (CYO)စန်ဘောင်လူငယ်အဖွဲ့မှ တစ်အိမ်တက်ဆင်း ဆန္ဒမဲပေးနည်းများကို လိုက်လံပညာပေးမည်

မတူပီမြို့နယ် အတွင်း (CYO)စန်ဘောင်လူငယ်အဖွဲ့မှ တစ်အိမ်တက်ဆင်း ဆန္ဒမဲပေးနည်းများကို လိုက်လံပညာပေးမည်
by -
ချင်းဝောလ်
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မတူပီမြို့နယ်အတွင်းတွင် မကြာမီကျင်းပမည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲ တွင် ကောင်းမွန်စွာမဲပေးနိုင်ရန်အတွက် မဲပေးနည်းများကိုတစ်အိမ်တက်ဆင်း စန်ဘောင် လူငယ် (CYO)အဖွဲ့မှ လိုက်လံ ပညာပေးမည်ဖြစ်ကြောင်း စန်ဘောင်လူငယ် ဒု ဥက္ကဌ ဗန်ဆွီးထန်မှ ပြောသည်။

"မတူပီမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူတွေကိုမဆိုနဲ့အုန်း မြို့ပေါ်နေလူထုအများစုတောင်မှ လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးရမည့် ပုံစံတွေကို သိရှိသူအလွန်နည်းပါးနေတယ်။ အများစုက မသိကြဘူး။ သူတို့ကို ရှင်းပြပေးတဲ့ သူလည်း မရှိဘူးလေ။ ဒါကြောင့် ပယ်မဲဖြစ်သွားမှာကို စိုးရိမ်နေတဲ့ အတွက် တစ်အိမ်တက်ဆင်း မဲပေးနည်းကို လိုက်လံပညာပေးနေရသည်"ဟု ဆိုသည်။

ပညာပေးရာတွင် အချို့သောအိမ်များသည်လိုလားစွာဖိတ်ခေါ်ပြီး သိရှိလိုသည်များ ကိုမေးမြန်ကြ သော်လည်း အချို့ သောအိမ်များ က နိုင်ငံရေးပါတီများ မဲဆွယ်သည်ဟု ထင်ကာ အဝင်မခံသည့် အိမ်များရှိကြပြီးအများစုမှာ ရွေးကောက်ပွဲနှင့်ပတ်သတ်ပြီး သိရှိထားမှုအလွန်နည်းကြောင်း သိရသည်။

"မဲပေးနည်းပုံစံ မသိဘူးဆိုတာဆိုတာကတော့ ဟုတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှလည်း မပြောကြဘူးလေ။ ကိုယ်စားလှယ်လောင်းတွေကလည်း သူတို့နိုင်ဖို့လောက်ပဲ မဲဆွယ်နေတယ်။ မဲဘယ်လိုထည့်ရမလဲဆိုတာ ပညာပေးတာတွေ မရှိဘူး။အချို့ကိုယ်စားလှယ်တွေကတော့ မဲဆွယ်ရင် မဲပေးနည်းရှင်းပြတာတွေရှိပါတယ်"ဟု စန်ဘောင်ရပ်ကွက် နေပြည်သူတစ်ဦးက ဆိုသည်။

"မတူပီမြို့နယ်မှာမြို့ပေါ်(၄)ရပ်ကွက်အပြင် (၆၈) အုပ်စုရှိတယ်အဲဒီထဲမှာမြို့နယ်ကော်မရှင်အဖွဲ့၁၅ ဖွဲ့ကနေပြီး ခွဲတမ်းချပြီးမဲဆန္ဒနယ် သတ်မှတ်ကျပါတယ်။ ကော်မရှင်တစ်ဦးကနေပြီးတော့ ၅အုပ်စု ၁၀ အုပ်စုတို့ပေါ့။ အဲဒီလိုမျိုး တာဝန်ယူပြီးတော့တစ်ချို့ကို သင်တန်းတွေပေး ထားပြီးဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ သင်တန်းတွေပေးသွားမှာဖြစ်တယ်"ဟု မတူပီမြို့နယ်ကော်မရှင်ဥက္ကဌ ဦးလျန်ထန်းက ပြောသည်။

မတူပီမြို့နယ်ရှိကျေးရွာများတွင် မဲစာရွက်တွင် တံဆိပ်တုံးထုရန်နှင့် အမှန်ခြစ် တို့ကိုသိရှိသူ အလွန်နည်းပြီး ကိုယ်စားလှယ်များအား မဲပုံးတစ်ခုထဲတွင် စုပြုံထည့်သွင်းရမည်ဟုသာ ထင်ကြကြောင်း သိရသည်။ ထို့အပြင် နိုင်ငံရေးအသိအမြင်အားနည်းပြီး ပါတီနဲ့ လူမကွဲသော သူများက အများစု ရှိနေကြောင်း သိရသည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...