“ ယခုကျွန်တော်တို့ လက်ရှိအခြေအနေမှာ ပါတီစုံဒီမိုကရေစီနစ်ကို သွားနေပါတယ်။ ပါတီစုံဒီမို ကရေစီစနစ်ကို သွားတဲ့အခါမှာ အခုက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလဖြစ်ပါတယ်။ အဲ့ဒီကာလမှာ ပါတစ်တစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်ပါတီအောင်နို်င်ဖို့၊ ကိုယ် ပါတီကိုယ်စားလှယ် အောင်နိုင်ဖို့အတွက် မဲဆွယ်စည်းရုံးဖို့ သူ့မှာအခွင့်အရေးရှိပါတယ်”ဟု ဦးအေးသာအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းကြည်ကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အနိုင်ရရှိပါက အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေး လုပ်ဆောင် သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာလ ၁၆ ရက် တွင်ပြုလုပ်သော ဟောပြောပွဲတွင် ပြောကြားသွားခြင်း ဖြစ်သည်ဟု ပြောသည်။
“ ဒီနေ့ တောင်ကုတ်မြို့မှာ ပြုလုပ်တဲ့ ဟောပြောပွဲမှာ ဒေါ်စုပြောသွားတာကတော့ NLD ပါတီ ၂၀၁၅ ရွေးကာက်ပွဲမှာ အနိုင်ရမယ်ဆိုရင် အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဦးစားပေး လုပ်ဆောင်သွား မယ်လို့ ပြောသွားတယ်။ နောက်တစ်ခုက တက်ရောက်လာတဲ့ ပြည်သူတစ်ယောက်ကနေပြီးတော့ ဒေါ်စု ပါတီက ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ရင် ဘဂါင်္လီဝင်လာမယ်လို့ သိရပါတယ်လို့ မေးခွန်းထုတ်မှု အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာကတော့ အခုလက်ရှိမှာ NLD ထဲက လွှတ်တော်ကိုယ်စားလှယ်လောင်းထဲမှာ ဘဂါင်္လီတစ်ယောက်မှ မပါဝင်ဘူးလို့ ဖြေသွားပါတယ်” ဟု ဦးထွန်းကြည်က ပြောသည်။
မြိုအမျိုးသားဒီမိုကရေစီပါတီ အတွင်းရေမှူး ဦးဌေးဝင်းကလည်း ဒေါ်စုခရီးစဉ်အပေါ်မှာ ဝမ်းသာပြီးကြိုဆိုကြောင်း ပြောသည်။
“ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် သူ့ပါတီ အောင်နိုင်ရေး အတွက် မဲဆွယ်စည်းရုံးဖို့ လာခွင့်ရှိပါတယ်။ ငါတို့ ရခိုင်လူမျိုးတွေဟာလည်း ရန်ကုန်မြို့မှာ လွှတ်တော်ကိုယ်စားလှယ်နေရာတွေ၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွေမှာ ဝင်ပြိုင်ဖို့ လုပ်နေတာပဲ”ဟု ပေါက်တောမြို့နယ် လူမှုကွန်ယက် ဥက္ကဋ္ဌ ဦးဦးကျော်ဝင်းကပြောသည်။
ယနေ့ပြုလုပ်သော တောင်ကုတ်ဟောပြောပွဲသို့ လူထုသောင်းချီ တက်ရောက်အားပေးခဲ့ကြသည်ဟု သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တိုင်းနယ်ပြည်နယ်လှည့်လဲမဲဆွယ်ရာတွင် ရခိုင်ပြည်နယ်အပါအဝင် ကချင်၊ ကယား၊ ချင်း၊ မွန်ပြည်နယ် အစရှိသည့်ပြည်နယ်များသို့ မဲဆွယ်စည်းရုံးခဲ့ပြီး ၃ လအတွင်း မြို့ပေါင်း ၅၀ကျော် မိုင်ပေါင်း ၆၀၀၀ကျော်သွားရောက်ကာ နိုင်ဝင်ဘာ ၆ရက်အထိ မိုင်ပေါင်း ၈၀၀၀ အထိရှိလာ နိုင်ကြောင်းသိရသည်။




