ဦးသာစိန်သည် ရခိုင်အနုပညာလောကတွင် နာမည်ကြီး လူရွင်တော်တစ်ဦးဖြစ်သည်။
“နယ်ကကျေးရွာတွေမှာတော့ မဲဆွယ်စည်းရုံးရေးလုပ်ပြီးပါပြီ။ စစ်တွေမြို့ပေါ်မှာတော့ ရွေးကောက်ပွဲ ကျင်းပခါနီးမှ လုပ်မှာပါ။ တစ်ခြားလူနဲ့ မတူဘဲ တမူထူးခြားအောင် ရခိုင်စည်အဖွဲ့နဲ့ ရခိုင် စည်တီးပြီး တော့ မဲဆွယ်စည်းရုံးရေး လုပ်မှာပါ”ဟု ဦးသာစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဆိုင်းဘုတ်များကို အောက်တိုဘာလ ၁၃ ရက်တွင် စတင်စိုက်ထူပြီး၊ မဲဆန္ဒနယ်အတွင်း အဓိကကျသည့် နေရာ ၁၂ ခုတွင် စိုက်ထူသွားမည်ဟု သိရသည်။
“မဲဆွယ်စည်းရုံးရေးလုပ်တဲ့အခါမှာ ကျွန်တော်ကတော့ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးအတွက် ထာဝရသယ်ပိုးသွားမဲ့ စိတ်ဆန္ဒနဲ့ လုပ်တဲ့လူဖြစ်တဲ့အတွက်ကြောင့် အားပေးကြဖို့၊ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအကျိုးအတွက် ထမ်းဆောင်လာတဲ့သူ ဖြစ်တဲ့အပြင် နောက်လည်း ထာဝရ ထမ်းဆောင်သွားမယ်လို့ ပြောပြီးတော့ စည်းရုံးပါတယ်”ဟု ဦးသာစိန်က ပြောသည်။
ဦးသာစိန်အနေအဖြင့် ရခိုင်လူမျိုးအတွက် အမှန်တကယ် လုပ်ဆောင်လာသူ ဖြစ်သည့်အတွက် မဲဆန္ဒရှင်များ၏ အားပေးမှုများနေပြီး စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ တွင် နိုင်မည်ဟု အပြည့်အဝယုံကြည်ကြောင်းပြောသည်။
ကုုိယ်စားလှယ်လောင်းများသည် မဲဆွယ်ကာလအတွင်း မိမိတုုိ့ဒေသအတွင်းတွင် ပြည်သူလူထုုနှင့် ထိတွေ့မဲဆွယ်ခဲ့ကြပြီး ယခုုလုုိ ရခုုိင် အမျိူးသားတုုိ့၏ အထိမ်းအမှတ်ဖြင့် စည်တီးပြီး သူများနှင့် မတူအောင် မဲဆွယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးသာစိန်က ဆုုိသည်။




