ချင်းလူမျိုးမှာ အများဆုံး ရောက်ရှိနေသည့် မလေးရှားနိုင်ငံတွင် ကြိုတင်မဲပေးရမည့်ရက် ထုတ်ပြန်

ချင်းလူမျိုးမှာ အများဆုံး ရောက်ရှိနေသည့် မလေးရှားနိုင်ငံတွင် ကြိုတင်မဲပေးရမည့်ရက် ထုတ်ပြန်
by -
ချင်းဝောလ်
မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးရမည့်ရက်ကို မလေးရှားသံရုံးမှ တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အောက်တိုဘာ ၁၈ ရက်နေ့၊ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ ကြိုတင်မဲပေးနိုင်သည်ဟု ကြေညာထားသည်။

ကြိုတင်မဲပေးလိုသူများအနေဖြင့် နိုင်ငံကူးလက်မှတ်မူရင်း နိုင်ငံသားစီစစ်ရေး ကဒ်ပြားမူရင်း သို့မဟုတ် မိတ္တူယူဆောင်လာကြရန် လိုအပ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။ ချင်းပြည်နယ်အတွင်းတွင် အလုပ်အကိုင်ရှားပါးမှုများကြောင့် လူငယ်လူရွယ်အများစုမှာ မလေးရှား နိုင်ငံသို့ ရောက်ရှိနေကြခြင်းဖြစ်သည်ဟု ချင်းအမျိုးသမီး အဖွဲ့အစည်းထံမှ သိရသည်။

“ချင်းပြည်နယ်မှာက အလုပ်အကိုင် မရှိတော့ ယောင်္ကျားလေး မိန်းကလေး လူငယ်လူရွယ်တွေ အကုန်လုံးက မလေးရှားကို သွားကြတယ်။ ရွေးကောက်ပွဲအတွက် မဲပေးဖို့ ရပ်ကျေးကော်မရှင်ရုံး တွေမှာ သူတို့နာမည်တွေ ပါနေတာတွေ့ရတယ်။ တချို့မြို့ နယ်တွေမှာ အလုပ်လုပ်သွားနေလို့ ကန့်ကွက်လွှာ တင်တာရပေမယ့် တချို့မြို့နယ်တွေမှာတော့ ကန့်ကွက်လွှာကို ထုတ်မပေးဘူးလို့ ကြားတယ်”ဟု ချင်းအမျိုးသမီးအဖွဲ့အစည်းမှ မင်းတပ်မြို့နယ် ဥက္ကဌ ဒေါ်ခင်ဝင်းရီက ပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ ဒုတိယအများဆုံးရောက်ရှိနေပြီး လက်ရှိတွင် ၉ သိန်းခန့် ရှိကာ တရားဝင်နေထိုင်သူ ၃ သိန်းခန့်နှင့် ကျန် ၆ သိန်းခန့်သည် တရားမဝင်နေထိုင်သူများ ဖြစ်ကြောင်း၊ တရားဝင် နေထိုင်သော မြန်မာနိုင်ငံသား ၃ သိန်းအနက် ရွေးကောက်ပွဲအတွက် ကြို တင်မဲပေးရန် စာရင်းပေးသွင်းထားသော လူဦးရေမှာ ၅၀၀ ခန့်သာရှိကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သိရသည်။

လက်ရှိ ၂၀၁၅ အထွေထွေရွေးကောက် ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...