ဖွဲ့စည်းပုံကို နိုင်ငံရေးဆွေးနွေးပွဲမှ ပြင်နိုင်ရန် အပစ်ရပ်လက်မှတ်ထိုးခြင်းဖြစ်ဟု CNF ဆို

ဖွဲ့စည်းပုံကို နိုင်ငံရေးဆွေးနွေးပွဲမှ ပြင်နိုင်ရန် အပစ်ရပ်လက်မှတ်ထိုးခြင်းဖြစ်ဟု CNF ဆို
by -
ချင်းဝောလ်
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို နိုင်ငံရေးဆွေးနွေးပွဲမှ ပြင်ဆင်လိုခြင်းကြာင့် ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး(CNF)က ဆိုသည်။

ချင်းအမျိုးသားတပ်ဦးသည် ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော်အတွင်း ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း အဆင်မပြေကြောင်း၊ အပစ်ရပ် လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲမှ ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေးနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကြိုးပမ်းသွားမည်ဟု အောက်တိုဘာ ၂ ရက်က တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“ဒီထုတ်ပြန်ချက်ထဲမှာတော့ ကျွန်တော်တို့ အပစ်ရပ်လက်မှတ်ထိုးရတဲ့အကြောင်း အရင်းတွေ ပါပြီးသားပါ။ ဒီထုတ်ပြန်ချက်အပြင် ဒီထက်လေးနက်တဲ့ အကြောင်းအရာတော့ မရှိပါဘူး”ဟု ချင်းအမျိုးသားတပ်ဦး-CNF မှအတွင်းရေးမှူး ဒေါက်တာရွှေခါးက ဆိုသည်။

လက်ရှိတွင် NCA ကို ချင်းအမျိုးသား တပ်ဦး အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ထားကြပြီး အပစ်ရပ်စာချုပ်ကို အောက်တိုဘာ ၁၅ ရက်၊ နေပြည်တော် တွင် ပြုလုပ်မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကြေညာထားပြီး ဖြစ်သည်။

NCA လက်မှတ်ရေးထိုးရေးသည် အဆင့် ရ ဆင့်ရှိပြီး လက်ရှိအဆင့် မှာ ပထမအဆင့်သာ ဖြစ်ကြောင်း၊ အပစ်ရပ်ရေးမှတဆင့် အားလုံးပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲများသို့ တက်လှမ်းကာ ချင်းအမျိုးသားများ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဒီမိုကရတ်တစ်ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်သူတွေနဲ့ လက်တွဲသွားမည်ဟု ချင်းအမျိုးသား တပ်ဦးက ထုတ်ပြန်ထားသည်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...