ချင်းပြည်နယ်မြို့နယ် ၃ ခုတွင် မဲစာရင်းကြေညာသည့် ရက်တိုးမှု ထိရောက်မည်မဟုတ်ဟု ဆို

ချင်းပြည်နယ်မြို့နယ် ၃ ခုတွင် မဲစာရင်းကြေညာသည့် ရက်တိုးမှု ထိရောက်မည်မဟုတ်ဟု ဆို
by -
ချင်းဝေါလ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲစားရင်းကြေညာမှုကို အချို့နေရာမျိုးတွေ တိုးမြှင့်သတ်မှတ် ပေးရာ ချင်းပြည်နယ်တွင်လည်း မြို့နယ် (၃) မြို့နယ်တွင် အောက်တိုဘာ (၁၀) ရက်နေ့အထိ တိုးမြှင့် ကပ်ထားရန် ညွှန်ကြားချက်ထုတ်ထားသည့်အပေါ် မည်သည့်ထိရောက်မှုရှိမည် မဟုတ်ကြောင်း ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီအတွင်းရေးမှုး(၃) ဆလိုင်းမျိုးချစ်က ပြောသည်။

ဆလိုင်းမျိုးချစ်က “ဒီလောက်သဘာဝဘေးဒုက္ခရောက်နေတဲ့ကြားက ရက်ဒီလောက်ပဲတိုးပေးတာက ဘယ်လိုမှအဆင်မပြေဘူး။ ကျေးရွာဖက်တွေအတွက်ဆိုရင် ပိုတောင်ဆိုးသေးတယ်။ ကပ်ထားတာ တော့ ရက်တိုးတာပေါ့။ ဒါပေမယ့် ဒီရက်ပိုင်းအတွက် ဘယ်လိုလုပ်ပြင်နိုင်မလဲ။ ပြီးတော့ မြို့နယ် သုံးမြို့နယ်လောက်မှပဲ ရက်တိုးတော့ အဆင်မပြေဘူး”ဟု ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကောက်ပွဲကော်မရှင်မှ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်များမှ မြို့နယ် (၁၄) မြို့နယ်တွင် မဲစားရင်း ကပ်ထားမှုကို ရက်တိုးမြှင့်လိုက်ကြောင်း ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်လွှတ်တော်နေရာအတွက် ယှဉ်ပြိုင်မည့် ဦးငယ်ပီးကလည်း “မဲစာရင်းတွေက ဗမာလိုပဲ ရေးထားတာဆိုတော့ ကျေးရွာတွေမှာဆိုရင် ကိုယ့်နာမည်ပါမပါတော့မစစ်တတ်တာအများကြီးပဲ။ ကျွန်တော်တို့ စည်းရုံးရေးသွားတာတောင် မဲစာရင်းကြည့်ဖို့၊ ပြင်ဖို့ကိုပဲ အဓိက ပြောနေရတယ်။ နောက်ဆုံး မဲစာရင်းကပ်တဲ့ရက်တွေက ကျေးရွာဖက်အတွက်ဆို လုံလောက်တဲ့ အနေအထား မဟုတ်ဘူး” ဟုပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မဲစာရင်းကပ်ခြင်းကို ရက်တိုးရန်ကြေညာသည့်မြို့နယ်များမှာ ဧရာဝတီတိုင်း ဟင်္သတမြို့၊ ဇလွန်မြို့၊ မြန်အောင်မြို့၊ အင်္ဂပူမြို့နယ်များ၊ မကွေးတိုင်းတွင် စေတုတ္တရာ မြို့နယ်၊ မန္တလေးတိုင်းတွင် မြင်းခြံမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာမြို့၊ ဆားလင်းကြီးမြို့၊ ကနီမြို့၊ မော်လိုက်မြို့၊ ဖောင်ပြင်မြို့နယ်များနှင့် ချင်းပြည်နယ်တွင် ဟားခါးမြို့၊ တွန်းဇန်မြို့၊ မတူပီမြို့နယ်များ ဖြစ်သည်။

ဧရာဝတီတိုင်းတွင် အင်္ဂပူမြို့တွင် အောက်တိုဘာ ၃ ရက်နေ့အထိ နှင့် ကျန်မြို့နယ်များတွင် ၄ ရက်နေ့ အထိ မဲစာရင်းကပ်ရန်၊ မကွေးတိုင်းတွင် အောက်တိုဘာ ၄ ရက်နေ့အထိ၊ စစ်ကိုင်းတိုင်းတွင် အောက်တိုဘာ ၂ ရက်နေ့အထိ၊ ချင်းပြည်နယ်တွင် အောက်တိုဘာ ၁၀ ရက်နေ့အထိ မဲစားရင်းများ တိုးမြှင့်ကပ်ထားရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားထားခြင်း ဖြစ်သည်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...