မင်းတပ်မြို့တွင် CNDP အောင်နိုင်ရေး ဆိုင်းဘုတ် အဖျက်စီးခံရ

မင်းတပ်မြို့တွင် CNDP အောင်နိုင်ရေး ဆိုင်းဘုတ် အဖျက်စီးခံရ
by -
ချင်းဝောလ်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ(CNDP)၏ အောင်နိုင်ရေး ဆိုင်းဘုတ်ကို စက်တင်ဘာ ၂၈ ရက်နေ့တွင် ထောင်ခဲ့ပြီး ညပိုင်းတွင် အဖျက်စီးခံလိုက်ရကြောင်း မင်းတပ်မြို့ CNDP အောင်နိုင်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းရှယ်အောင်က ပြောသည်။

chinworld082ဆလိုင်းရှယ်အောင်က “ကျွန်တော်တို့ မနက်ပိုင်းမှာပဲ ပါတီကလူတွေ လူငယ်တွေပေါင်းပြီး ထောင်ထားတာဖြစ်တယ်။ ညမှာ အဖျက်အစီးခံရတယ်။ ကျွန်တော်တို့ မနက်ပိုင်းမှာပဲ သိရတယ်။ သိသိချင်း ပါတီကို အကြောင်းကြားပြီး ရဲစခန်းနဲ့ ကော်မရှင်ရုံးကို စာပို့ထားပါတယ်”ဟု ပြောသည်။

အဖျက်အစီးခံရသည့် ဆိုင်းဘုတ်ကို မင်းတပ်မြို့နယ် အနောက်ရပ်ကွက် ကန်ပလက်မြို့သို့ သွားသည့် လမ်းဆုံတွင် ထောင်ထားခြင်းဖြစ်ပြီး မင်းတပ်မြို့နယ်မှ ဝင်ရောက်အရွေးခံမည့် CNDP မှာ ကိုယ်စားလှယ်လောင်းများ၏ ပုံများကို ကပ်ထားခြင်းဖြစ်သည်။

ဆလိုင်းရှယ်အောင်က “ရွေးကောက်ပွဲကာလမှာ ထုံးစံအတိုင်း ပါတီအောင်နိုင်ရေး ဆိုင်းဘုတ်တင်တာ ပေါ့။ ဆိုင်းဘုတ်က အားလုံးစုတ်ဖြဲထားတယ်။ တခြားပါတီရဲ့ ဆိုင်းဘုတ်တွေ အဖျက်အစီးခံရ တာတော့ မရှိဘူး။ ကြားလည်းမကြားမိဘူး”ဟု ပြောသည်။

သူက ဆက်ပြီး မင်းတပ်မြို့တွင် လူငယ်အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များအနေဖြင့် ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီကို ဝန်းရံရန် ဆုံးဖြတ်ထားခြင်းဖြစ်သည့်အတွက် မနာလိုသည့် အုပ်စုအချို့၏ ဖျက်စီးခြင်းဟု ထင်ထားကြောင်းနှင့် ယခုကဲ့သို့ လုပ်ရပ်ကြောင့် ပါတီ ပိုနာမည်ကြီးဖို့သာ ရှိသည်ဟု ခံယူထားကြောင်း ပြောသည်။

ချင်းပြည်နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နေရာများအတွက် မဲဆန္ဒနယ် (၃၉) နေရာရှိပြီး ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့ နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
ချင်းပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် (၁၃) ပါတီမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း (၂၀၂) ဦးနှင့် တသီးပုဂ္ဂလ (၇) ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...