“ ပါတီရဲ့ စည်းလုုံးညီညွတ်ရေးဟာ သံတွဲညီလာခံကတည်းက အက်ကြောင်းလေးတွေ ရှိပေမယ့် ရခုုိင်ပြည်နယ် လွှတ်တော်ကုုိ အပြည့်အဝ ချူပ်ကုုိင်နုုိင်ရေးနဲ့ ရခုုိင်ကံကြမ္မာကုုိ အပြည့်အဝဖန်တီးနုုိင်ရေး အတွက် အောင်နုုိင်ရေး ကော်မတီကုုိ ဖွဲ့စည်းပြီးတော့ အကွက်ချ လုုပ်ဆောင်နေပါတယ် ” ဟုု ဒေါက်တာအေးမောင်က ပြောခဲ့သည်။
လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် ရခုုိင်ပြည်နယ်၊ ပလက်ဝ၊ ရန်ကုုန်နှင့် ဧရာဝတီတုုိင်းတုုိ့တွင် ရခုုိင်အမျိူးသားပါတီက လွှတ်တော်ကုုိယ်စားလှယ်များ အနုုိင်ရရှိရေးအတွက် အောင်နုုိင်ရေး ဗဟုုိကော်မတီနှင့် ဒေသအလုုိက် မြို့နယ် အလုုိက် အောင်နုုိင်ရေး ကော်မတီအဆင့်ဆင့်ကုုိ ဖွဲ့စည်းပြီး စနစ်တကျ အကွက်ချ လုုပ်ဆောင်နေကြောင်း ရခုုိင်အမျိူးသားပါတီမှ သတင်းရရှိသည်။
“ ၂၀၁၅ ရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုုံးရေး မတုုိင်မီ ကာလကတည်းက ကျွန်တော်က အမ်းနဲ့ ဂွတုုိ့မှာ ပါတီဆုုိင်းဘုုတ် ထောင်တာရယ်။ ပြည်သူနဲ့ ထိတွေ့မှု တွေကုုိ ဖိဖိစီးစီး လုုပ်ခဲ့ပါတယ်။ မဲဆွယ်စည်းရုုံးရေး ကာလမှာလည်း မာန်အောင်ကုုိ နှစ်ပတ်လောက် မွှေနှောက်ပြီးပါပြီ။ ဦးခုုိင်ပြည်စုုိးနဲ့ ဦးသာထွန်းလှတုုိ့ကလည်း သံတွဲနဲ့ တောင်ကုုတ် နယ်မြေတွေမှာ မဲဆွယ်စည်းရုုံးရေး လုုပ်ပြီးတော့ ၊ ဦးအေးသာအောင်နဲ့ ဦးလှစောတုုိ့ က သူတုုိ့ အရွေးခံမဲ့နေရာတွေမှာ မဲဆွယ်စည်းရုုံးရေး ဖိဖိစီးစီးလုုပ်ဆောင်နေပါတယ် ” ဟုု ပါတီဥက္ကဋ္ဌက ဆုုိသည်။
ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် အနေဖြင့် မိမိ၏ မဲဆန္ဒနယ်ဖြစ်သော မာန်အောင်၌ မဲဆွယ် စည်းရုံးရေး လုပ်ပြီးနောက် ရခိုင်ပြည်နယ်အနှံ့မဲဆွယ်စည်းရုံးရေး ခရီးစဉ်၏ ပွဲဦးထွက်အဖြစ် စစ်တွေမြို့တွင် အောက်တိုဘာလ ၁ ရက်နေ့က စတင်လိုက်သည်။
“ပါတီအောင်နုုိင်ရေးအတွက် မဲဆွယ်စည်းရုုံးရေး လုုပ်တဲ့နေရာမှာ ရခုုိင်တပြည်နယ်လုုံး မဲဆွယ်စည်းရုုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ စစ်တွေမှာ စတင်လုုိက်ပါပြီ ” ဟုု ဒေါက်တာအေးမောင်က ဆုုိသည်။
အောက်တုုိဘာလ ၂ရက်နေ့တွင် ပေါက်တော၊ ၃ ရက်နေ့တွင် ပုဏ္ဏားကျွန်း၊ ၄ ရက်နေ့တွင် ကျောက်တော်၊အစရှိသဖြင့် မြို့များတွင် လူထုုဟောပြောပွဲများ ပြုလုုပ်သွားမည် ဖြစ်ပြီး အောက်တုုိဘာ၂၆နှင့် ၂၇ ရက်နေ့များတွင် ရမ်းဗြဲနှင့် ကျောက်ဖြူတုုိ့တွင် မဲဆွယ်စည်းရုုံးရေးများအတွက် လူထုုဟောပြောပွဲများ ပြုလုုပ်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။
ဗဟိုအောင်နိုင်ရေးမှ ဦးခိုင်ပြည်စိုးနှင့် ဦးသာထွန်းလှ တို့သည်လည်း သံတွဲနှင့်တောင်ကုတ်အပြင် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တို့တွင်လည်း လူထုဟောပြောပွဲများကို ပြုလုပ်သွားမည်ဟု သိရသည်။
“ပြည်နယ်လွှတ်တော်ထဲမှာ အပြည့်အဝ အနိုင်ရရေးအတွက် ကျွန်တော်က ပြည်နယ်ကို ဆင်းပြီး လုပ်ဆောင်နေချိန် မှာ နိုင်ငံရေးအတွေ့ကြံုရှိပြီး ရင့်ကျက်တဲ့ ဦးအေးသာအောင်နဲ့ ဦးဦးလှစောတို့ကလည်း အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်တွေမှာ အရွေးခံပြီးတော့ ပြည်ထောင်စုလွှတ်တော်ထဲမှာ အခြား တိုင်းရင်းသားတွေနဲ့ ချိတ်ဆက် လုပ်ဆောင်နိုင်အောင် အကွက်ချလုပ်ဆောင်နေပါတယ်”ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။
ပြည်မပါတီများနှင့် တိုင်းရင်းသားပါတီများဖြင့် မဟာမတ်ဖွဲ့၍ ပြည်ထောင်စုပါလီမန်၏ အနေအထား၊ ပြည်နယ်ပါလီမန်၏ ထိန်းချုပ်မှု၊ ပြည်နယ်အစိုးရ၏ တာဝန်ယူမှုသုံးချက်ဖြင့် ကိုယ့်ပြည်က ထွက်သည့် သယံဇာတကို ပြည့်ပြည့်ဝဝ အသုံးပြုကာ ရခိုင်ပြည်နယ်ကို ပြန်လည်တည်ဆောက်သွားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အဆုုိပါ ဟောပြောပွဲ တွင် ပြောကြားသွားသည်။
စစ်တွေမြို့တွင်ပြုလုပ်သော ဟောပြောပွဲသို့ ရဟန်းသံဃာများအပါအဝင် ပရိသတ်ထောင်ချီ တက်ရောက် အားပေးခဲ့ကြသည်။




