တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပါက ရခုုိင်အမျိူးသားပါတီ မဲဆန္ဒနယ်နှစ်ခုုလုုံးတွင် အနုုိင်ရနုုိင်ဟုု ဆုုိ

တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ပါက ရခုုိင်အမျိူးသားပါတီ မဲဆန္ဒနယ်နှစ်ခုုလုုံးတွင် အနုုိင်ရနုုိင်ဟုု ဆုုိ
တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပါက ရခုုိင်အမျိူးသားပါတီ မှ မဲဆန္ဒနယ် နှစ်ခုလုံး၌ အနုုိင်ရနုုိင်သည်ဟုု ရခုုိင်အမျိူးသားပါတီ ပြန်ကြားရေး တာဝန်ခံ ဦးသိန်းဇံက ပြောသည်။

“၂၀၁၅ ရွေးကောက်ပွဲသာ တရားမျှတတဲ့ ရွေးကောက်ပွဲသာ ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ကတော့ မဲအပြတ်အသတ် နိုင်မှာဖြစ်ပါတယ်” ဟု ဦးသိန်းဇံကပြောသည်။
 
၂၀၁၀ ရွေးကောက်ပွဲ စည်းရုုံးရေးကာလတွင် အခက်အခဲများ ရှိသော်လည်း ယခုု၂၀၁၅ ရွေးကောက်ပွဲတွင်မူ ပွင့်လင်းမြင်သာမှုရှိပြီး လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးရေး ပြုလုပ်နိုင်ခဲ့သည်ဟု ဦးသိန်းဇံက ဆုုိသည်။

 “ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီဟာ ၂၀၁၀ မှာ မဲဆွယ်စည်းရုံးရေးလုပ်လုပ်ခဲ့တုန်းက လွတ်လပ်မှုမရှိခဲ့ဘူး။ ကြောက်တစ်ဝက် လန့်တစ်ဝက်နဲ့ လုပ်ခဲ့ရတာ။ ကျွန်တော်တို့ မဲဆွယ်စည်းရုံးတာကို ရွာသား လာနားမထောင် ရဲအောင် သွားနားထောင်ရင် အဖမ်းခံရနိုင်တယ်လို့ ခြိမ်းခြောက်ထားတာတွေရှိသလို၊ ရွာကိုရောက်သွားပြီဆိုရင် ရွာဆော်နဲ့ ဥက္ကဌကို ရှာမတွေ့ကြတော့ဘူး။ ကျွန်တော်တို့ကို ရှောင်နေကြတယ်”ဟု ဦးသိန်းဇံက ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလက အခက်အခဲများကို ပြောသည်။

 “ရခိုင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ ရခိုင်အမျိုးသားပါတီ သွားရောက်မဲဆွယ်တဲ့နေရာမှာ ရွာသားတွေဟာ အလံတွေ၊ ရေချမ်းအိုးတွေ၊ အသံချဲ့စက်တွေဖွင့်ပြီးတော့ နွေးနွေးထွေးထွေး ကြိုဆိုကြပါတယ်။ မဲဆွယ်စည်းရုံးရေး လုပ်တဲ့နေရာမှာ ဦးအေးသာအောင် ကိုယ်တိုင်ပါတော့ ပိုပြီးထိရောက်ပါတယ်။ ရွာသားတွေက ဘယ်လိုပြောလဲ ဆိုတော့ ဆရာကြီး ရခိုင်အမျိုးသားခေါင်းဆောင်ကြီးကိုယ်တိုင် လာရောက်ပေးတဲ့အတွက် ၀မ်းမြောက် ကြပါတယ်။ ဆရာကြီးရဲ့ အသံကိုသာ ရေဒီယိုကနေ ကြားဖူးပါတယ်။ အခုလူကိုယ်တိုင် ကို တွေ့ရတဲ့အတွက် ရွာသားတွေအနေနဲ့ ၀မ်းမြောက်ကြပါတယ်ဟု ရွာသားတွေကပြောတယ်”ဟု ဦးသိန်းဇံကပြောသည်။

စက်တင်ဘာလ ၁ရက်နေ့တွင် ဦးအေးသာအောင် ဦးစီးပြီး ရခုုိင်အမျိူးသားပါတီမှ မင်းပြားမြို့နယ် မဲဆန္ဒနယ်များတွင် မဲဆွယ်စည်းရုုံးရေး လုုပ်ငန်းများကုုိ လုုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
 
မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၁ နှင့် ၂ နှစ်ခုစလုံးတွင် ကျေးရွာပေါင်း ၃၀ ကျော်စီသို့ မဲဆွယ်စည်းရုံးရေး လုပ်ပြီးပြီ ဖြစ်ပြီး ရွာသား ၉၀ ရာခိုင်နှုန်း၏ ထောက်ခံမှုကို ရရှိထားပြီဟု သတင်းရရှိသည်။

ရခိုင်အမျိုးသားပါတီမှ ဦးလှအောင်ညွန့်သည် ပြည်နယ်လွှတ်တော် အမှတ်၂ မဲဆန္ဒနယ်တွင် ပြည်ထောင်စု နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်နှင့် ယှဉ်ပြိုင်အရွေးခံရမည်ဖြစ်သည်။

Most read this week

December 15, 2015
 “၂၀၁၆ မှာ တက်လာမည့် အစိုးရဟာဆိုရင် ပြောင်းလဲဖို့ အချိန်ပြီဆိုတဲ့ဆောင်ပုဒ်နဲ့...
December 9, 2015
ဆန္ဒပြသူများသည် သံတွဲမြို့ ဒွာရာဝတီမြို့ အဝင်၌ စုရုံးပြီး ရတနာလမ်း အတိုင်းချီတက်ကာ...
December 4, 2015
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က NLD မှ ရွေးချယ်ခံအမတ်များအနေဖြင့် နာမကျန်း...
December 3, 2015
စွပ်စွဲခံထားရသူများမှာ မင်းပြားမြို့နယ် ခေါင်းလောင်းချောင်းမှ ၆ ဦး၊ အိုင်ဝမ်းမှ ၂ ဦး၊...