လာလ်ထောမ်လျန်နာသည် ပထမအဆင့်တွင် တရုတ်နိုင်ငံမှ ကစားသမားအား အနိုင်ကစားခဲ့ပြီး ဒုတိယအဆင့်တွင် ကမ္ဘောဒီးယားမှ ကစားသမားအား အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် မြန်မာနိုင်ငံမှ ကိုယ်စားပြုကစားသမားတဦးနှင့် ယှဉ်ပြိုင်ရပြီး ရှုံးနိမ့်သဖြင့် တတိယနေရာလုပွဲတွင် တရုတ်ကစားသမားအား အနိုင်ရရှိခဲ့ပြီး တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
ကြေးတံဆိပ်ဆွတ်နိုင်သည့်အပေါ် လာလ်ထောမ်လျန်နာ၏ အကိုဖြစ်သူ ပြေးခုန်ပစ်ကစားသမား- Lal Dan Mawia မှ “သူ့ရဲ့ ကိုယ်အလေးချိန်က ၆၆ ကီလိုဖြစ်ပါတယ်။ ဒါပေမယ့် အစပထမမှာ ၆၀ ကီလို တန်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် တပတ်အတွင်းမှာ ၆ ကီလိုလျော့အောင် သူကြိုးစားခဲ့ရတယ်။ ပြိုင်ပွဲ ကျတော့- ရ၀ ကီလိုတန်းကို ဝင်ပြိုင်ရဖို့က ဖြစ်လာပြန်တယ်။ အဲဒါကြောင့်လည်း မျှော်လင့်သလောက် မအောင်မြင်တာလို့လည်း ပြောနိုင်ပါတယ်။”ဟု ပြောသည်။
ကမ္ဘာ့အဆင့်ကိုးရီးယားရိုးရာနပန်းပြိုင်ပွဲ (The 5th World Ssireum Championship) ၏ ရ၀ ကီလိုတန်းပြိုင်ပွဲ ဆုရရှိမှု အနေအထားမှာ- ပထမဆု တရုတ်၊ ဒုတိယဆု မြန်မာ၊ တတိယဆု မြန်မာနှင့် စတုတ္ထဆု တရုတ်တို့ ဖြစ်ကြသည်။
လာလ်ထောမ်လျန်နာသည် စက်တင်ဘာလ ၂၀ ရက်နေ့တွင်လည်း ပထမအကြိမ်မြောက် အာရှအဆင့် ကိုးရီးယားရိုးရာနပန်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့သူလည်း ဖြစ်သည်။
မြန်မာနိုင်ငံကိုယ်စားပြု ချင်းနပန်းအားကစားသမား လာလ်ထောမ်လျန်နာသည် ချင်းပြည်နယ် ထန်တလန်မြို့နယ် Dawn Khua (ဒေါန်းကျေးရွာ) ဇာတိဖြစ်ပြီး မိဘများမှာ- Pu Sang Khum နှင့် Pi Ni Tlem တို့ ဖြစ်ကြသည်။







