ကမ္ဘာ့အဆင့် ကိုးရီးယားရိုးရာ နပန်းပြိုင်ပွဲတွင် ချင်းလူငယ် ကြေးတံဆိပ် ဆွတ်ခူး

ကမ္ဘာ့အဆင့် ကိုးရီးယားရိုးရာ နပန်းပြိုင်ပွဲတွင် ချင်းလူငယ် ကြေးတံဆိပ် ဆွတ်ခူး
by -
ချင်းဝောလ်
ရန်ကုန်မြို့ သုဝဏ္ဏအားကစားရုံ၌ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသော (၅) ကြိမ်မြောက် ကိုးရီးယားရိုးရာ ကမ္ဘာ့နပန်းပြိုင်ပွဲ (The 5th World Ssireum Championship) ပြိုင်ပွဲတွင် ချင်းလူငယ် လာလ်ထောမ်လျန်နာ(Lal Thawm Liana)က တတိယကြေးတံဆိပ် ဆွတ်ခူးခဲ့သည်။

လာလ်ထောမ်လျန်နာသည် ပထမအဆင့်တွင် တရုတ်နိုင်ငံမှ ကစားသမားအား အနိုင်ကစားခဲ့ပြီး ဒုတိယအဆင့်တွင် ကမ္ဘောဒီးယားမှ ကစားသမားအား အနိုင်ရရှိခဲ့ကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်တွင် မြန်မာနိုင်ငံမှ ကိုယ်စားပြုကစားသမားတဦးနှင့် ယှဉ်ပြိုင်ရပြီး ရှုံးနိမ့်သဖြင့် တတိယနေရာလုပွဲတွင် တရုတ်ကစားသမားအား အနိုင်ရရှိခဲ့ပြီး တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ကြေးတံဆိပ်ဆွတ်နိုင်သည့်အပေါ် လာလ်ထောမ်လျန်နာ၏ အကိုဖြစ်သူ ပြေးခုန်ပစ်ကစားသမား- Lal Dan Mawia မှ “သူ့ရဲ့ ကိုယ်အလေးချိန်က ၆၆ ကီလိုဖြစ်ပါတယ်။ ဒါပေမယ့် အစပထမမှာ ၆၀ ကီလို တန်းပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့အတွက် တပတ်အတွင်းမှာ ၆ ကီလိုလျော့အောင် သူကြိုးစားခဲ့ရတယ်။ ပြိုင်ပွဲ ကျတော့- ရ၀ ကီလိုတန်းကို ဝင်ပြိုင်ရဖို့က ဖြစ်လာပြန်တယ်။ အဲဒါကြောင့်လည်း မျှော်လင့်သလောက် မအောင်မြင်တာလို့လည်း ပြောနိုင်ပါတယ်။”ဟု ပြောသည်။

ကမ္ဘာ့အဆင့်ကိုးရီးယားရိုးရာနပန်းပြိုင်ပွဲ (The 5th World Ssireum Championship) ၏ ရ၀ ကီလိုတန်းပြိုင်ပွဲ ဆုရရှိမှု အနေအထားမှာ- ပထမဆု တရုတ်၊ ဒုတိယဆု မြန်မာ၊ တတိယဆု မြန်မာနှင့် စတုတ္ထဆု တရုတ်တို့ ဖြစ်ကြသည်။

လာလ်ထောမ်လျန်နာသည် စက်တင်ဘာလ ၂၀ ရက်နေ့တွင်လည်း ပထမအကြိမ်မြောက် အာရှအဆင့် ကိုးရီးယားရိုးရာနပန်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့သူလည်း ဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြု ချင်းနပန်းအားကစားသမား လာလ်ထောမ်လျန်နာသည် ချင်းပြည်နယ် ထန်တလန်မြို့နယ် Dawn Khua (ဒေါန်းကျေးရွာ) ဇာတိဖြစ်ပြီး မိဘများမှာ- Pu Sang Khum နှင့် Pi Ni Tlem တို့ ဖြစ်ကြသည်။

Most read this week

September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...
September 2, 2026
ချင်းပြည်၊ တီးတိန်ခရိုင်၊ ခိုင်ကမ်းမြို့အတွင်း စီးဝင်သည့် ကွဲချောင်းရေကြီးရေလျှံမှုနှင့်...
ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...