အင်းတော်ကြီးဒေသ အနောက်ဘက်ကမ်းတွင် တိုက်ပွဲများ ပြင်းထန်နေ

အင်းတော်ကြီးဒေသ အနောက်ဘက်ကမ်းတွင် တိုက်ပွဲများ ပြင်းထန်နေ

ကချင်ပြည်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသတွင် ရှမ်းနီတပ်မတော် SNA နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်။

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ အနောက်ဘက်ကမ်းရှိ ဟဲပန်လမ်းခွဲတွင် ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ၏ ကျားဖြူစစ်ကြောင်းက KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့၏ စခန်းကို ဇူလိုင်လ ၁၆ ရက်နေ့မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦး “ကုန်းမနတံတားဟိုဘက် ဟဲပန်လမ်းခွဲနည်းနည်းလွန်ပြီးတော့ လျှိုလေးရှိတယ် အဲ့ဒီနားမှာ ဖြစ်နေကြတာပါ။ မနေ့က ကြားရသလောက် SNA ကျားဖြူစစ်ကြောင်းဘက်က ဟဲပန်လမ်းခွဲအထိ သိမ်း ထားပြီကြားတယ်။ ဟဲပန်ရွာကို ဆက်တိုက်နေတုန်းထင်တယ်။ ဒီနေ့အထိ လက်နက်ကြီးသံတွေကော ကြား နေရတုန်း” ဟု က ပြောသည်။

တိုက်ပွဲမှာ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက်အစောပိုင်း ၃ နာရီခန့်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ပစ်ခတ်သံများ ဆက်လက်ကြားနေရသည်။

ဇူလိုင်လ ၂ ရက်နေ့ကလည်း အင်းတော်ကြီးမြို့ (လုံးတုံ) အနီးတစ်ဝိုက်ရှိ ဟိုဖာကုန်းနှင့် ပတ္တမြားတောင်ရှိ KIA+PDF တပ်စခန်းများကို ကျားဖြူစစ်ကြောင်းနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အင်းတော်ကြီးဒေသတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနေစဉ်အတွင်း KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ၎င်းတို့ထိန်းချုပ်ထားသည့် ရှမ်းနီကျေးရွာများတွင် လူသစ်စုဆောင်းမှုများ ပြုလုပ်နေပြီး အင်းမြှီးဒေသရှိ ကျေးရွာများတွင် တစ်ရွာလျှင် လူ ၅ ဦးနှုန်း တောင်းခံနေကြောင်း ဒေသခံများက ဆိုသည်။

အင်းမြှီးကျေးရွာဘက်တွင် နေထိုင်သူ ရှမ်းနီလူငယ်တစ်ဦးက “ရွာဘက်မှာ လူတအားတောင်းနေတာ။ ညှိနှိုင်းနေ ကြတုန်း။ ခြောက်လတစ်ခါ ၅ ယောက် လူပေးရမယ်လို့ တောင်းနေကြတာ။ သူတို့ထဲဝင်ဖို့ မဲနှိုက်ရမယ်လို့ လည်း ပြောနေကြတယ်။ ဘာမှမလုပ်ခိုင်းဘူး၊ ရုံးထိုင်ပဲ လစာပေးမယ်ဆိုပြီး ပြောနေကြတာ။ ဒါပေမဲ့ ရှေ့တန်း ပဲ ပို့မှာပါ သူတို့” ဟု ပြောသည်။

ထိုသို့ တပ်သားသစ် စုဆောင်းမှုများကို ဒေသခံများက ပြင်းထန်စွာ ကန့်ကွက်လျက်ရှိပြီး အဆိုပါကျေးရွာမှ လူငယ်အများအပြားမှာလည်း ရွာအတွင်းမှ ထွက်ခွာရန် ခက်ခဲနေကြသည်။

ကျားဖြူစစ်ကြောင်း (SNA) တပ်ဖွဲ့များသည် ၂၀၂၅ ခုနှစ်အတွင်း အင်းတော်ကြီးဒေသသို့ ရောက်ရှိလာခဲ့ပြီး နန့်မွန်းမြို့၊ အင်းတော်ကြီးမြို့ (လုံးတုံ) နှင့် အင်းအရှေ့ဘက်ကမ်းရှိ ဟဲပါးရွာအထိ နယ်မြေများအား ထိန်းချုပ် ထားသည်။

ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...
ဓာတ်ပုံ – ရှမ်းနီအသံ
August 21, 2026
မြန်မာ - တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှ ဝင်ရောက်လာသည့် တရုတ်ကုန်ပစ္စည်းများကို ဗလမင်းထင်တံတား ၌...
ဓာတ်ပုံ - (ရှမ်းနီအသံ) မိုးညှင်းမြို့မဈေးအား ဩဂုတ်လအတွင်း တွေ့ရစဉ်
August 13, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း ပိတ်ဆို့နေသည်မှာ တစ်ပတ်နီးပါး ကြာမြင့်လာပြီး...